ရှေ့သို့
Image

လီဗာပူးအသင်းအတွက် ချိန်ဘာလိန်ဟာ ကစားသမားသစ် တစ်ဦးလိုဖြစ်ကြောင်း ကလော့ချီးကျူး

2:07 PM, 7 July

လီဗာပူးနည်းပြ ဂျာဂင်ကလော့က လာမယ့်ရာသီတွင် မိမိအနေနဲ့  ကစားသမားသစ်၎ဦးထဲက တစ်ဦးကို ရွေးချယ်ထုတ်သုံးရမှာဖြစ်ကြောင်း ချိန်ဘာလိန်ကို ညွှန်းဆိုလိုက်ပါတယ်။

အသက်၂၅နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ၂၀၁၈ ခုနှစ် ဧပြီလက ရခဲ့တဲဒူး ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ တစ်ရာသီလုံး ပွဲစဉ်တွေကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၈-၁၉ ရာသီပိတ်သိမ်းခါနီးမှ ၂ပွဲ ပါဝင်လာခဲ့ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအောင်မြင်မှုတွင် အရန်လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

နည်းပြကြီးကလော့ကတော့ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကိုယ်စီရခဲ့တဲ့ ရိန်းဘရူးစတား၊ အဒမ်လယ်လာနာ၊ ဂျို ဂိုမက်ဇ်တို့ နည်းတူ ချိန်ဘာလိန်ဟာလည်း ကစားသမားသစ်လေးဦးကဲ့သို့ ရှိနေကြောင်း ဆိုပါတယ်။

အောက်စ်သာ ကြံခိုင်မှု ရနေမယ်ဆိုရင် ကျွန်တော်တို့ အတွက် သူက ကစားသမားသစ်ပါဟု လီဗာပူး ၀က်ဆိုက်ဒ်ကနေ ကလော့က ဆိုပါတယ်။

“ရိန်းလည်း ထိုနည်းတူပါ  သူလည်း အရည်အသွေးရှိ လူငယ်တစ်ဦး ဖြစ်ပါတယ်။ လေ့ကျင်ရေးမှာ နည်းပြတွေနဲ့  သူကို ကျွန်တော် စောင့်ကြည်သွားမှာပါ။ ကျွန်တော်တို့ အတွက် သူက အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာဖို့  ရှိပါတယ်။ သူ့ အတွက် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ဒါကြောင့် သူလည်း ကစားသမားသစ်ပါ။ ဂျိုမက်ကလည်း ကစားသမားသစ်တစ်ဦးအတိုင်းပဲ။ အဒမ်လယ်လာနာကကော? သူလည်း ကစားသမားသစ်ပါ ပြီးခဲ့တဲ့ ရာသီက ပြဿနာတွေကြုံတွေခဲ့ရပြီးနောက် ဒီကစားသမားလေးတွေဟာ အမှန်တကယ်ကြံခိုင်မှု ကောင်းကောင်း ရနိုင်ပါတယ် ဒါဆိုအသင်းအတွက် မတူညီတဲ့ နှစ်တစ်နှစ်ရနိုင်ပါတယ် ဘာလို့ လဲဆိုတော့ သူတို့ တွေအားလုံး အရည်အချင်း ရှိကြတယ် ဒါကမိုက်ပါတယ်” ဟု ကလော့က ပြောကြားသွားပါတယ်။

ဥရောပချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးအသင်းသားတွေဟာ မနေ့က ရာသီကြို လေ့ကျင်ရေး စဆင်းခဲ့ကြကြောင်းလည်း သိရပါတယ်။

လီဗာပူးအသင်းမှာ မန်စီးတီးအသင်းနဲ့  ကွန်မြူနတီဒိုင်းအပါအ၀င် ရာသီကြိုပွဲစဉ် ၇ပွဲရှိပြီး  သြဂုတ်လတွင် ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့   ကစားပြီးနောက် ကြာသပတေးမှာ ပြည်တွင်းပြိုင်ဘက် ထရန်မီရီ ရိုဗာစ်၊ နောက်ထပ် ၃ ရက်အကြာမှာ ဘရန်းဖို့ဒ်စီးတီးအသင်းတွေနဲ့  ကစားသွားမှာဖြစ်ပါတယ်။

နည်းပြကြီးကလော့ကတော့ ဒဏ်ရာမကြာခဏရနေတဲ့ ကစားသမား ၄ ဦးကို အဆိုပါပွဲစဉ်တွေမှာ ထုတ်သုံးသွားဖို့ ဆန္ဒရှိနေပါတယ်။
 
လက်ရှိတွင်  အပြောင်းအရွေ့ရာသီပိတ်ဖို့ က တဖြည်းဖြည်းနီးကပ်လာသော်လည်း လီဗာပူးအသင်းဟာ Zwolle အသင်းက လူငယ်နောက်ခံလူ ဆက် ဗန်ဒန် ဘာ့ဂ်ကိုသာ ပေါင် ၄.၄ သန်းဖြင့် ခေါ်ယူထားပါတယ်။

#လီဗာပူး #ချိန်ဘာလိန်