ရှေ့သို့
Image

ရာသီကြိုခြေစမ်းပွဲတွေအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ချိန်ဘာလိန်

2:03 PM, 7 July

လီဗာပူးအသင်း ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကတော့ အနားမယူပဲ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်။

အဆိုပါကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တော်တော်များများကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူဟာ အသင်းနဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် လော့စ်အိန်ဂျလိစ်မှာ အပေါစားလေ့ကျင့်ခန်းတွေပြုလုပ်နေပါတယ်။

အချို့သော ကစားသမားတွေဟာ နွေရာသီအားလပ်ရက်မှာ အနားယူနေကြပေမယ့်လည်း အင်္ဂလန်သားကတော့ အနားမယူပဲ လာမယ့်ရာသီကြိုပွဲတွေ အပြင် ရာသီသစ်ပွဲစဉ်တွေကိုပါ  ပါဝင်နိုင်ဖို့အတွက်အားတက်သရော လေ့ကျင့်နေတာဖြစ်ပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့  မိန်းမဖြစ်သူ ကတ်သီ ဂေါ့တ်လန်းနဲ့ ကမ်းခြေတစ်ခုမှာ အပန်းဖြေနေသလို အခြားတစ်ဖက်မှာတော့ ရီးရဲလ်နောက်ခံလူ ရာမို့စ်ကလည်း ဇနီးဖြစ်သူ ပီလာ ရူဘီယိုနဲ့ ကမ်းခြေမှာ အနားယူနေတဲ့ပုံတင်ခဲ့တာဖြစ်ပါတယ်။




#လီဗာပူး #ချိန်ဘာလိန်