ရှေ့သို့
Image

အင်္ဂလန်ကို အနိုင်ယူပြီး တတိယ နေရာရယူခဲ့တဲ့ ဆွီဒင် အမျိုးသမီးအသင်း

10:42 AM, 7 July

ဆွီဒင်အမျိုးသမီးအသင်းဟာ နိုက်စ်မြို့မှာကစားခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ပွဲစဉ်မှာ ၂-၁ဂိုးနဲ့ အနိုင်ယူပြီး အမျိုးသမီးကမ္ဘာ့ဖလားတတိယ နေရာကို ရယူနိုင်ခဲ့ပါတယ်။

ဆွီဒင်အသင်းကတော့ ပွဲအစပိုင်းလောက်မှာကတည်းက အင်္ဂလန်အသင်းဘက်ကို အကောင်းဆုံး တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲကစားချိန် ၁၁ မိနစ်မှာတော့ ကွင်းလယ်ကစားသမား အစ္စလန်နီအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

မန်ယူကစားသမားဟောင်း နဗီးလ်ကိုင်တွယ်တဲ့ အင်္ဂလန်အသင်းကတော့ ပထမပိုင်းမှာ ဆွီဒင်အသင်းကို မယှဉ်နိုင်ပဲ ပွဲကစားချိန် ၂၂ မိနစ်မှာတော့ ဒုတိယဂိုး ထပ်မံပေးလိုက်ရပါတယ်။

အဆိုပါသွင်းဂိုးကိုတော့ တောင်ပံကစားသမား ဂျက်ကော့ဘ်ဆန်က တိုက်စစ်မှူး ဘလက်စတန်နီးရက်ရဲ့ပေးပို့မှုကိုအဆုံးသတ်ကာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၃၁ မိနစ်မှာ ဂျေစကော့ရဲ့ဖန်တီးပေးမှုကနေ ကွင်းလယ်ကစားသမား ကီရာဘီကချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်အသင်းဟာ ပထမပိုင်းကထက် ပိုကောင်းတဲ့ခြေစွမ်းတစ်ရပ်ကိုပြသနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမား ကီရာဘီ ၊ နာကီတာ ပဲရစ်တို့ရဲ့ အချိတ်အဆက်တွေနဲ့ ဆွီဒင်အသင်းကိုထိုးဖောက်ကစားခဲ့ပေမယ့်လည်း အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ၂-၁ဂိုးနဲ့ ပွဲပြီးခဲ့ပြီး ဆွီဒင်အသင်းက တတိယနေရာ ရယူနိုင်ခဲ့ပါတယ်။

#ဆွီဒင်