ရှေ့သို့
Image

ဒီလစ်ခ်ျ ဘာစီလိုနာအသင်းထံပြောင်းရွှေ့လာဖို့ဒီဂျောင်ဆန္ဒရှိနေ

11:50 AM, 6 July

ဘာစီလိုနာ ကစားသမားသစ် ဒီဂျောင်က အေဂျက်စ်အသင်းဖော်ဟောင်း ဒီလစ်ခ်ျကို ကတ်တလန်အသင်းထံ ပြောင်းရွေ့လာဖို့ အလိုရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းနဲ့ ဇန်န၀ါရီလက စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ယူရို ၇၅ သန်းတန်ကြး ရှိခဲ့ပါတယ်။ ဒီလစ်ခ်ျကတော့ ယခုအချိန်အထိ လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားရမယ်ဆိုတာ မသိရသေးပါဘူး။ ဂျူဗင်တပ်စ်အသင်းဟာ ဒီလစ်ခ်ျကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် ဘာစီလိုနာအသင်းကလည်း လက်လျော့ခြင်း မရှိသေးပါဘူး။ ဒီဂျောင်က "ကျွန်တော် ဒီလစ်ခ်ျကို ဘာစီလိုနာမှာ တွေ့ရရင် တကယ်ကို ပျော်ရွှင်မိမှာပါပဲ။ ဒါပေမယ့် ဒါက သူ ရွေးချယ်ရမယ့် ကိစပါ။ သူ့အတွက် အကောင်းဆုံးကို ရွေးချယ်သင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။ ဒီဂျောင်က ဘာစီလိုနာမှာ ကျောနံပါတ် ၂၁ကို ၀တ်ဆင်ချင်ပေမယ့် ဘယ်နေရာမှာ ကစားရမယ်ဆိုတာတော့ စိတ်ထဲမထားဘူးလို့ ပြောခဲ့ပါတယ်။ "ကျွန်တော် ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် holding ဖြစ်ဖြစ် attacking ဖြစ်ဖြစ် ကစားရတာ ကိစ္စမရှိပါဘူ။ ကျွန်တော် ပွဲထွက် ကစားသမား ၁၁ယောက်မှာ ပါဝင်ချင်တာပါ။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး အသင်းမှာ နေရာတစ်နေရာ ရယူဖို့အတွက် ရောက်လာခဲ့တာပါ"လို့ ပြောပါတယ်။ #ဘာစီလိုနာ #ဒီဂျောင် #ဒီလစ်ဂ်ျ