ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ ဖယ်လိုင်နီ၊လူးဝစ်ဇ်ထက် ကျွန်တော့ ဆံပင်စတိုင်က အမိုက်ဆုံးလို့ ဆိုလိုက်တဲ့ ဂွမ်ဒိုဇီ

3:36 PM, 5 July

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား မက်တီယို ဂွမ်ဒိုဇီက ၎င်းရဲ့ မြွေလိမ်မြွေကောက် ဆံနွယ်တွေဟာ ဒေးဗစ်လူးဝစ်ရဲ့ ဆံပင်ထက်ပိုကောင်းပြီး မန်ယူကစားသမားဟောင်း ဖယ်လိုင်နီရဲ့ ဆံပင်ထက်လဲ ပိုမို သာလွန် ကောင်းမွန်တယ်လို့ ပြောကြားလိုက်ပါတယ်။ 

အသက် ၂၀ အရွယ် ဂွမ်ဒိုဇီဟာ ပြီးခဲ့တဲ့ နွေရာသီက လီဂူ ၂ အသင်း လိုရီးရန့်မှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ရာသီဟာ ပြင်သစ်သားရဲ့ ပွဲဦးထွက် ရာသီဖြစ်ပါတယ်။ ဂမ်းနားတွေနဲ့အတူ ဂွမ်ဒိုဇီက ၃၆ ပွဲ ပွဲထွက် ကစားခွင့်ရခဲ့ပြီး အာဆင်နယ်အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပါတယ်။ 

ဖိုးတူဖိုးနှင့် အင်တာဗျူးတွင်တော့ ဂွမ်ဒိုဇီက " ကျွန်တော်က သြဂုတ် ၂၀၁၉ အာဆင်နယ်အသင်းရဲ့ ကစားသမား ၂၃ ဦး လူစာရင်းတွင် ပါဝင်ခွင့်ရနေဆဲ ဖြစ်ပြီး ကျွန်တော့ရဲ့ ဆံပင်က အင်္ဂလန်မှာ အကောင်းဆုံးပါ " လို့ ပြောကြားခဲ့ပါတယ်။ 

" ကျွန်တော့ ဆံပင်ကို ငယ်စဉ်ကတည်းက အရှည် ထားခဲ့တာပါ။ ကျွန်တော့ ညီငယ်နဲ့ အမေကလည်းပဲ ကျွန်တော့ ဆံပင်လိုပါပဲ ။ အဖေကတော့ အရမ်း မရှည်ပါဘူး။ ကျွန်တော့ရဲ့ ဆံပင်ကို ဆက်ပြီး ထိန်းသိမ်းသွားမှာပါ။ ဒေးဗစ်လူးဝစ်က တကယ်ကို ကောင်းတဲ့ ကစားသမားပါ။ သူနဲ့ နှိုင်းယှဉ်ခံရတဲ့ အတွက်လည်း ကျွန်တော့ ဝမ်းသာမိပါတယ် " လို့ FFP သတင်းကို ဖြေကြားခဲ့ပါတယ်။ 

ဂွမ်ဒိုဇီက " ကျွန်တော့ဆံပင်က စတိုင်အကျဆုံးပါပဲ။ အဆိုးဆုံးက ဘယ်သူလဲလို့ မေးရာတွင်တော့ ကျွန်တော့ အမြင်အရတော့ ဖယ်လိုင်နီ ပါ " လို့ ရယ်မောကာ ဖြေကြားခဲ့ပါတယ်။ ဂွမ်ဒိုဇီက လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကန်ခွင့်မရခဲ့တဲ့ အတွက်လည်း နောင်တရမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

" အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ကာစက စီနီယာအသင်းမှာ ပွဲထွက်ခွင့် ရလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကျွန်တော် ယုံကြည်ချက် မရှိတာကြောင့် အခြားအသင်းကို ပြောင်းချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် အခွင့်အရေး ရခဲ့ပါတယ်။ ကျွန်တော့ နည်းပြနဲ့ အသင်းဖော်တွေကြောင့် အနိုင်ရဖို့ ယုံကြည်ချက်ရှိလာပါပြီ " လို့ ပြောသွားခဲ့ပါတယ်။ 

#ဂွမ်ဒိုဇီ