ရှေ့သို့
Image

ချဲလ်ဆီးကထွက်ခွာခဲ့ရတဲ့အတွက်ဇိုလာ မပျော်မရွှင်ဖြစ်နေ

3:03 PM, 5 July

ချဲလ်ဆီးအသင်းက ထွက်ခွာလာခဲ့တဲ့ ဇိုလာက ဂန္တ၀င်တွေ ရောက်ရှိလာခဲ့တဲ့ နည်းပြအဖွဲ့ကို သုံးသပ်ခဲ့ပြီး ချဲလ်ဆီးအသင်းမှာ နည်းပြနေစဉ်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ လက်ထောက်နည်းပြဖြစ် ဆောင်ရွက်ခဲ့တဲ့ ဇိုလာက သူအသင်းက ထွက်ခွာခဲ့ရချိန်ကို စိတ်ပျက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဇိုလာက "ကျွန်တော် အသင်းက ထွက်ခွာရမယ်ဆိုတာ နောက်ကျပြီးမှ သိရခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်အတွက် အသေအမွှားကိစ္စလေးပါ။ ကျွန်တော် ထိပ်တန်းအသင်းမှာ ထိပ်တန်းနည်းပြတစ်ဦးနဲ့
အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော် နည်းပြချုပ်အနေနဲ့ နည်းပြနိုင်ဖို့က ရည်မှန်းချက်တစ်ခုပါ။ ဒါပေမယ့် ဆာရီနဲ့အတူတူ အလုပ်လုပ်ခဲ့ရတာက ကျွန်တော့်ရဲ့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ"လို့ ပြောခဲ့ပါတယ်။

ရာထူးက ထွက်ခွာခဲ့ရပေမယ့် ဇိုလာက လမ်းပတ်နဲ့ နည်းပြအဖွဲ့ကို အနာဂတ်မှာ အကောင်းဆုံး ဖြစ်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

"ယမန်နှစ်က အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ ကောင်းမွန်တဲ့ နှစ်တော့ ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော် ဆုဖလားရ အသင်းတစ်သင်းသင်းမှာ ပါဝင်ခွင့် ရခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်။ ကျွန်တော်နဲ့ အတူတူတွဲလုပ်ခဲတဲ့ နည်းပြအဖွဲ့တွေ၊ ပရိသတ်တွေနဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ ချဲလ်ဆီး ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ကျွန်တော် အင်္ဂလန်မှာ ဆက်နေချင်ပါတယ်။ အခုတော့ ကျွန်တော် ဘာဖြစ်လာမလဲ စောင့်ကြည့်သွားပါမယ်"လို့ ဇိုလာက ပြောခဲ့ပါတယ်။

#ကာဇိုလာ