ရှေ့သို့
Image

IDOLမက်ဆီနဲ့ အသင်းဖော်တွေဖြစ်လာခဲ့လို့ ဒိဂျောင်ပျော်ရွှင်နေ

7:46 AM, 5 July

ဘာစီလိုနာအသင်းကို တရားဝင် ရောက်ရှိလာပြီဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်က IDOL ဖြစ်တဲ့ မက်ဆီနဲ့ အသင်းဖော်တွေ ဖြစ်လာရတဲ့အတွက်  အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဇန်န၀ါရီလက ဒီဂျောင်ကို ယူရို ၈၆သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာ အသင်းရဲ့ ကစားသမားအဖြစ် ကြေညာခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ဒီဂျောင်ဟာ အေဂျက်စ်အသင်းမှာ ပြီးခဲ့တဲ့နှစ်တွေက အထူးခြေစွမ်းပြခဲ့ပြီး ယမန်နှစ်ရာသီ့လည်း အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နာမည်ကျော် ကွင်းလ.်လူတွေဖြစ်တဲ့ အင်နီယေစတာ၊ ဘက်စ်ကွက်တို့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဒီဂျောင်ကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်.

ဒီဂျောင်က ဘာစီလိုနာအသင်းအတွက် ကစားခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်သလို မက်ဆီနဲ့ တွဲဖက်ခွင့်ရတဲ့အတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒီဂျောင်က "ကျွန်တော် ဒီအသင်းမှာ ကစားခွင့်ရခဲ့တဲ့အတွက် အရမ်း ပျော်ရွှင်နေပါတယ်။ ကလေးဘ၀ကတည်းက ဘာစီလိုနာမှာ ကစားခွင့်ရဖို့က ကျွန်တော်ရဲ့ အိပ်မက်တစ်ခုပါ။ အခုတော့ ဒီကို ရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော် နူးကမ့်ကွင်းမြှ ချြေဖို့အတွက် မစောင့်နိုင်လောက်အောင်ပါပဲ။ ကျွန်တော်ရဲ့ IDOLဖြစ်တဲ့ မက်ဆီနဲ့ တွဲကစားခွင့် ရရှိတော့မှာ ဖြစ်တာကြောင့်လည်း ပျော်ရွှင်နေပါတယ်။ အခုတော့ သူက ကျွန်တော့်ရဲ့ အသင်းဖော် ဖြစ်လာခဲ့ပါပြီ"လို့ ပြောခဲ့ပါတယ်။

ဒီဂျောင်က ဘာစီလိုနာကို ရောက်ရှိလာခဲ့ပေမယ့် အသင်းရဲ့ ကစားပုံမှာ ရုန်းကန်ရဖို့ မယူဆထားဘူးလို့ ဆိုပါတယ်။

"ကျွန်တော် ဘာစီလိုနာရဲ့ ကစားပုံကို ကြိုက်ပါတယ်။ ဘာစီလိုနာနဲ့ အေဂျက်စ်တို့ရဲ့ ကစားပုံး အယူအဆက အတူတူပါပဲ။ ဘာစီလိုနာနဲ့ နယ်သာလန်တို့ရဲ့ ကစားပုံဟာ စပ်ဆက်နေပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ ကစားခဲ့တဲ့ နယ်သာလန် ဂန္တ၀င်တစ်ဦး ဖြစ်ချင်ပါတယ်"လို့လည်း ဒီဂျောင်က ပြောသွားခဲ့ပါတယ်။

#ဘာစီလိုနာ #ဒီဂျောင်