ရှေ့သို့
Image

သိပ်မကြာခင်မှာ ဂျူဗင်တပ်စ်ကစားသမားဖြစ်လာတော့မယ့် နယ်သာလန်နောက်ခံကစားသမား

3:42 PM, 4 July

ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်အသင်းရဲ့နောက်ခံကစားသမားလေး ဒီလစ်ဂ်ျကို ခေါ်ယူနိုင်ဖို့အတွက်ပိုမိုနီးစပ်လာပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဆိုပါနောက်ခံကစားသမားလေးကိုတော့ မန်ယူ ၊ ဘာစီလိုနာနဲ့ ဥရောပကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စကိုင်းစပေါ့အီတလီယာသတင်းဌာနကတော့ ဂျူဗင်တပ်စ်အသင်းဟာ ပေါင် ၅၈.၃ သန်းနဲ့ အေဂျက်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့အနီးစပ်ဆုံးအနေအထားမှာ ရောက်ရှိနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရတော့ ကစားသမားလေးနဲ့ အေဂျက်အသင်းတို့ကြား တစ်နှစ်လုပ်ခ ပေါင် ၁၀.၇သန်း နဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၁၉နှစ်အရွယ်နောက်ခံကစားသမားလေးကိုတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးပေမယ့်လည်း ကစားသမားကိုယ်တိုင်က တူရင်မြေကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်အသင်းထံပေါင် ၄၉.၃သန်းနဲ့ ကနဦးကမ်းလှမ်းခဲ့ပြီး နောက်ထပ်ထပ်ဆောင်းအပို ၉ သန်းကတော့ ခြေစွမ်းပေါ်မူတည်ကာ ပေးချေသွားမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။

နယ်သာလန်နောက်တန်ကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီ အေဂျက်အသင်းနဲ့အတူ နယ်သာလန်ဖလား ၊ ဒတ်ခ်ျဖလား နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ အဆိုပါနောက်တန်းကစားသမားလေးကို အသင်းဖော် ဒီဂျောင်ရဲ့အကူအညီနဲ့ ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့သလို မန်ယူ အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဒီလစ္ဂ်္