ရှေ့သို့
Image

ချီလီ ၀ - ၃ ပီရူး: လက်ရှိကိုပါချန်ပီယံကို ဆီမီးဖိုင်နယ်မှာတင် အနားပေးလိုက်တဲ့ ပီရူး

1:11 PM, 4 July

လက်ရှိကိုပါအမေရိကဖလားချန်ပီယံ ချီလီအသင်းဟာ ပီရူအသင်းကို မထင်မှတ်ဖွယ်ရာ ရလဒ်တစ်ခုဖြစ်တဲ့ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၃ကြိမ်မြောက်ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်လွဲချော်ခဲ့ပါတယ်။

ပီရူးအသင်းကတော့ အဆိုပါပွဲစဉ်မှာ ချီလီအသင်းကို ဖလော်ရက်စ်၊ ယိုတန်၊ ဂွာရဲယိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ၁၉၇၅ နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိက ဖိုင်နယ်ကိုပြန်လည် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

သတင်းမီဒီယာအများစုကတော့ ချီလီအသင်းဟာ ဖိုင်နယ်ကိုတက်ရောက်နိုင်ပြီး အိမ်ရှင် ဘရာဇီးလ် အသင်းနဲ့ တွေ့ဆုံမယ်လို့ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ပီရူးအသင်းက မထင်မှတ်ပဲ ချီလီအသင်းကို အနိုင်ရရှိပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချီလီအသင်းအတွက်တော့ ၃ကြိမ်ဆက် ကိုပါအမေရိကချန်ပီယံဖြစ်မယ့် အခွင့်အရေးကောင်းတစ်ရပ် လွဲချော်ခဲ့တယ်လို့ဆိုရမှာဖြစ်ကာ ပီရူးအသင်း အတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၂၁ မိနစ်မှာ  ဖလော်ရက်စ် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး ဒုတိယမြောက်သွင်းဂိုးကိုတော့ ပွဲကစားချိန် ၃၈ မိနစ်မှာ ယိုတန်ကသွင်းယူပေးခဲ့ကာ ပီရူးအသင်း အတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကိုတော့  ပွဲကစားချိန် ၉၁ မိနစ်မှာ တိုက်စစ်မှူး ဂွာရဲယိုးက သွင်းယူပေးခဲ့ကာ ဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်ရောက်နိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ ချီလီအသင်းကတော့ ပီရူးအသင်းကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်မှာတင်ပဲကျေနပ်ခဲ့ရပါတယ်။

#ဖီဖာ #ပီရူး #ကိုပါအမေရိက