ရှေ့သို့
Image

ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက် အလွန်နီးစပ်နေ

1:05 PM, 4 July

ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ယမန်နေ့ညက တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြောင်းရွေ့ကြေး ကိစ္စတွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် အင်္ဂလန်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

စပို့တင်းအသင်းကတော့ ဖာနန်ဒက်စ်အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၇၀ သတ်မှတ်ထားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ်အထိ ကျန်ရှိနေပါသေးတယ်။

၂၄နှစ်အရွယ် ပေါ်တူဂီသားဟာ ယမန်နှစ်က စပို့တင်းအသင်းကို ပြည်တွင်းဖလား ၂ လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ဖလားပိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၃၂ ဂိုး သွင်းယူပေးခဲ့ပြီး ၁၈ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။

#ဖာနန်ဒက်စ်