ရှေ့သို့
Image

ယူနိုက်တက်အတွက် ပေါင်သန်း ၁၅၀ ဘယ်လို Save မလဲ

10:43 AM, 4 July

မန်ယူအသင်းဟာ အင်္ဂါနေ့က နောက်ခံလူ မက်ဂွီရီကို ပေါင် သန်း၇၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပယ်ချခဲ့ပြီး ပေါင် သန်း၁၀၀နီးပါးကို တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အတွက် ပြောင်းရွေ့ကြေးတွေကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ ဒန်နီရယ် ဂျိမ်းစ်နဲ့ ၀မ်ဘစ်စကာတို့ကို ခေါ်ယူထားခဲ့ပေမယ့် လာမယ့်ရာသီအတွက်တော့ ကစားသမားသစ်တွေ လိုအပ်နေပါသေးတယ်။ မက်ဂွီရီကို တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေးဟာ မတန်တဆဖြစ်နေခဲ့တာကြောင့် ယူနိုက်တက်အတွက် ပြောင်းရွေ့ကြေး အကောင်းဆုံး အသုံချနိုင်မယ့် ကစားသမားတွေကို ဖော်ပြေးလိုက်ပါတယ်။

အယ်လ်ဒါဝီရယ် -ပေါင် ၂၅သန်း
=============
ယူနိုက်တက်ဟာ အယ်ဒါဝီရယ်ကို အချိန်ကြာမြင့်စွာ ချိတ်ဆက်ခဲ့ပြီး ယမန်နှစ် နွေရာသီကလည်း ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်ခဲပါတယ်။ နည်းပြဟောင်း မော်ရင်ဟိုဟာ အယ်လ်ဒါဝီရယ်နဲ့အတူ မက်ဂွီရီကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဒါဝီရယ်ရဲ့ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၂၅ သန်းသာ ရှိတာကြောင့် ယူနိုက်တက်အနေနဲ့ ချဉ်းကပ်မှု ပြုလုပ်သင့်ပါတယ်။ အသက် ၃၀အရွယ် နောက်ခံလူဟာ ယူနိုက်တက်အတွက် ရေရှည်အစားထိုးရမယ့် ကစာသမားတစ်ဦး မဟုတ်တပေမယ့် ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့ရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

အယ်လ်ဒါဝီရယ်ဟာ ချန်ပီယံလိဂ် ကစားရမယ့် အခွင့်အရေးကနေ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပေမယ့် ယခုအချိန်မှာတော့ ရိုးမားအသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။

ဘရူနို ဖာနန်ဒက်စ် - ပေါင် သန်း၅၀
================
စပို့တင်း ကွင်းလယ်လူဟာ ယူနိုက်တက်နဲ့ အကြီးအကျယ် ချိတ်ဆက်နေပြီး စပါးနဲ့ မန်စီးတီးအသင်းတို့ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဂျာနယ်လစ် နီကိုလို ရှီချီရားရဲ့အဆိုအရ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ယူနိုက်တက်ကို ယနေ့ညမှာပဲ ထွက်ခွာသွားခဲ့ပြီး အပြောင်းအရွေ့ ကိစ္စ ညှိနှိုင်းတော့မယ်လို့ သိရပါတယ်။

စပို့တင်းနဲ့ မန်ယူအသင်းတို့ဟာ ပြောင်းရွေ့ကြေး သဘောတူညီမှု မရရှိသေးပဲ စပို့တင်းအသင်းက ပေါင် သန်း၅၀ အလိုရှိနေသလို ယူနိုက်တက်ကလည်း ပေါင် ၃၅သန်းထပ်ပိုပြီး အသုံးပြုဖို့အတွက် ဆန္ဒမရှိပါဘူး။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုး၂၀သွင်းယူခဲ့ပြီး ၁၃ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။

ဇာနီအိုလို - ပေါင် ၃၅သန်း
==========
ဒီအပြောင်းအရွေ့တော့ နောက်ခံလူ အယ်လ်ဒါဝီရယ်ရဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ရိုဒမားအသင်းက နောက်ခံလူတစ်ဦး အလိုရှိနေပြီး စပါးသင်းကတော့ တိုက်စစ်မှုး လိုအပ်နေတဲ့အတွက် အဆိုပါ အပြောင်းအရွေ့က ဖြစ်ပေါ်လာနိုင်ပါတယ်။

ဇာနီအိုလိုဟာ အသက် ၂၀ အရွယ်သာ ရှိသေးပြီး ၄ ဂိုးသာ သွင်းယူထားသေးကာ ၂ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး တစ်ဦးအဖြစ် ကစားနိုင်တဲ့ ကစားသမားဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဇာနီအိုလိုဟာ အင်တာမီလန်အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ နိုင်ဂိုလန်ရဲ့ အပြောင်းအရွေ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရိုးမားအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ရိုးမားအသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဇာနီအိုလိုဟာ ရိုးမားအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းပယ်ထားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

ဘင်ယက်ဒါ - ပေါင် ၃၅သန်း
===========
လူကာကူဟာ အသင်းက ထွက်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် အင်တာမီလန်အသင်းနဲ့တော့ ပြောင်းရွေ့ကြေး သဘောတူညီမှု ရရှိထားခြင်း မရှိသေးပါဘူး။ လူကာကူ အသင်းက ထွက်ခွာသွားရင်တော့ ဘင်ယာဒါက ယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဘင်ယက်ဒါရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၅ သန်း ရှိနေပြီး စပိန်ကလာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဘင်ယက်ဒါဟာ ယမန်နှစ်ရာသီက ဆီဗီလာအသင်းအတွက် ၁၈ဂိုး သွင်းယူထားခဲ့ပြီး ဆိုးလ်ရှားအကြိုက် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါတွေကတော့ ယူနိုက်တက် ခေါ်ယူသင့်တဲ့ ကစားသမားတွေကို အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ဒုဥက္ကဌ ၀ုဒ်ဝါ့ကလည်း အကောင်းဆုံး ခေါ်ယူမှုတွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ဇာနီအိုလို #ဘရူနိုဖာနန္ဒတ္စ္