ရှေ့သို့
Image

ကစားသမားတော်တော်များများရဲ့ ထွက်ခွာမှုကို ဒီတစ်ပတ်တွင် ကြေညာဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်

8:59 AM, 4 July

နွေရာသီတွင် အသင်းရဲ့ ပြန်လည်တည်ဆောက်မှုဟာ ဆက်တိုက်ဆိုသလိုရှိနေခဲ့ပြီး ကစားသမားတော်တော်များများရဲ့ ထွက်ခွာမှုကိုတော့ ဒီတစ်ပတ်တွင်ကြေညာဖွယ်ရှိတယ်လို့ ရီးရဲလ်က ပြောဆိုထားပါတယ်။

လောရန်တေးနှင့် ကိုဗာဆစ်တို့ဟာလည်း အေတီကိုနှင့် ချဲလ်ဆီးအသင်းများသို့ အသီးသီးပြောင်းရွေ့ခဲ့ကြတာဖြစ်ပြီး ပြောင်းရွေ့ကြေးအားဖြင့် စုစုပေါင်း ယူရိုသန်း ၉၀ လောက် ရရှိခဲ့တာဖြစ်ပါတယ်။

ဆီးဘယ်လော့စ်၊ ဟာနန်ဒတ်ဇ်၊ ရာအူးလ်ဒီတိုမတ်စ် နှင့် ရီဂူလွန်တို့ဟာလည်း မကြာခင်တွင် ထွက်ခွာဖို့အတွက် ရှိနေပါတယ်လို့ AS က ဖော်ပြထားပါတယ်။

ဆီးဘယ်လော့စ်ဟာ အသင်းတော်တော်များများနှင့် ဆက်သွယ်မှုများရှိနေပြီး အငှားထွက်ခွာဖို့ရှိနေကာ ဟာနန်ဒတ်ဇ်ကလည်း မီလန်သို့ ယူရိုသန်း ၂၀ ဖြင့် ပြောင်းရွေ့ဖို့နီးစပ်နေပါတယ်။

ဒီတိုဗတ်စ်ကတော့ ဘင်ဖီဘာသို့ပြောင်းရွေ့ဖို့ရှိနေပြီး ရီဂူလွန်ကလည်း နည်းပြဟောင်း လိုပတ်တီဂူနှင့် ဆီဗီလာတွင် ပြန်လည်ပေါင်းစည်းနိုင်ပါတယ်။

ဒီထွက်ခွာမှုအားလုံးကတော့ အဲရစ်ဆင်သို့မဟုတ် ပေါ့ပ်ဘာတို့ထဲက တစ်ယောက်အား ခေါ်ယူမှုတွင် အရေးကြီးလာနိုင်ပါတယ်။

#လာလီဂါ #အဲရစ်ဆင်