ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ စီဘယ်လော့စ်ကို တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူရန် နီးစပ်နေတဲ့ တော့တင်ဟမ်

4:35 PM, 3 July

တော့တင်ဟမ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ဟာ ကွင်းလယ်လူ ဒါနီရယ် ဆီဘယ်လော့စ်အတွက် တစ်နှစ်အငှားစာချုပ်နဲ့  သဘောတူညီမှု ရဖို့ နီးစပ်လျက် ရှိကြောင်း သိရပါတယ်။

အသက်၂၂နှစ်အရွယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရန် ပြင်နေပြီး ဥရောပထိပ်သီးကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။

စပိန်ယူ၂၁အသင်းနဲ့ အတူ ဆုဖလားကိုင်မြှောက်နိုင်ပြီးနောက် စီဘယ်လော့စ်ဟာ ၎င်းရဲ့အနာဂတ်ကို စဉ်းစား ဆုံးဖြတ်သွားတော့မှာ ဖြစ်ပါတယ်။

စပိန်သတင်းစာတွေကတော့ စီဘယ်လော့စ်ဟာ မက်ဒရစ်ကနေ အပြီးသတ်မထွက်ခွာဘဲ တစ်နှစ်အငှားဖြင့် အသင်းပြောင်းဖို့ ရှိနေပြီး တော့တင်ဟမ်အသင်းက ခေါ်ယူဖို့ အလားအလာကောင်းတယ်လို့ ရေးသားထားပါတယ်။


#စပါး #လာလီဂါ #ဒန်နီဆီဘယ်လော့စ်