ရှေ့သို့
Image

အဲရစ်ဆင်နှင့် စာချုပ်အသစ်အတွက်ပြောဆိုပြီးနောက် အကျပ်ရိုက်နေတဲ့ စပါး

11:36 AM, 3 July

စာချုပ်အသစ်အတွက် သူ့ရဲ့ငြင်းဆိုမှုဟာ ပိုက်ဆံကြောင့်မဟုတ်ဘဲ ဆုဖလားများရရှိလိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့ အဲရစ်ဆင်က ထပ်လောင်းပြောဆိုလိုက်ပါတယ်။

စပါးအသင်းရဲ့ ဥက္ကဌကတော့ သူ့ကို ဆုံးရှုံးခံမည့်အစား ဒီနွေရာသီတွင်ရောင်းချဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၂၇နှစ်အရွယ်အဲရစ်ဆင် စိန်ခေါ်မှုအသစ်အတွက် အဆင့်သင့်ဖြစ်နေပါပြီလို့ လူသိရှင်ရှားပြောဆိုထားပြီး စပါးအသင်းရဲ့ သူ့ကိုထိန်းထားဖို့ မျှော်လင့်ချက်လည်း နည်းပါးလာပါတယ်။

စပါးအသင်းရဲ့ ဥက္ကဌဟာ ကစားသမားအတွက် ပေါင်သန်း ၁၅၀ အလိုရှိနေသော်လည်း သူ့ရဲ့ စာချုပ်တွင် ၁ နှစ် သာကျန်တော့တဲ့ အတွက်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ပေါင် ၆၅ သန်းသာပေးလိုနေပါတယ်လို့ စပိန်ရှိ သတင်းစာက ဖော်ပြထားပါတယ်။

အဲရစ်ဆင်ရဲ့ကိုယ်စားလှယ်တွေဟာ ရီးရဲလ်မက်ဒရစ်နှင့် တွေ့ဆုံဖို့ရှိနေပြီး မန်ယူအသင်းက ပေါ့ပ်ဘာရဲ့အပေါ်တွင် မူတည်နေပါတယ်။

မန်ယူအသင်းဟာ အဲရစ်ဆင်ကိုလည်းစိတ်ဝင်စားနေပြီး ကစားသမားကလည်း စပါးအသင်းရဲ့ကမ်းလှမ်းမှုထက် ကြီးမားတဲ့ စာချုပ်ကိုသာ စိတ်ဝင်စားနေပါတယ်။

စပါးအသင်းဥက္ကဌဟာ စာချုပ်အသစ်ချုပ်ဆိုဖို့ ပယ်ချခဲ့တဲ့ ပီတာခရော့ခ်ျကို ကလပ်ရဲ့ပထမအသင်းမှ ထွက်သွားဖို့ ခြိမ်းခြောက်ခဲ့ဖူးပြီး အဲရစ်ဆင်ကိုတော့ အဲ့ဒီလိုလုပ်ဖို့အတွက် ခက်ခဲနေပုံရပါတယ်။

ကစားသမားသာအသင်းတွင်နေလိုရင်တော့ စပါးနည်းပြ ပိုချက်တီနိုက အသင်းတွင် ဆက်လက်ထိန်းထားလိုနေပြီး နွေရာသီတွင် ငွေကြေးများရရှိခဲ့ပါက အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် စပါးက အသုံးပြုသွားနိုင်ပါတယ်။

စပါးအသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီကို ပေါင် ၆၄ သန်းဖြင့် ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိထားပြီး အပြီးသတ်စာချုပ်ချုပ်ဆိုဖို့အတွက် ကလပ်တွင် ဆေးစစ်မှုခံယူနေတာလည်းဖြစ်ပါတယ်။

အဲရစ်ဆင်အားရောင်းချမှုတွင် ငွေကြေးများစွာရရှိခဲ့ပါက စပါးအသင်းဟာ ဖူလ်ဟမ်အသင်းမှ ဘယ်နောက်တန်း ကစားသမား ဆက်ဆီဂွန်ကို ဒီနွေရာသီတွင် အသင်းသို့ခေါ်ယူနိုင်ပါတယ်။

#စပါး #အဲရစ်ဆင်