ရှေ့သို့
Image

ဂျုဗင်တပ်အသင်းတွင် ဇီဒန်း၊ ထရေဇီဂေးနှင့် ပလာတီနီတို့ထက်သာအောင် လုပ်ဆောင်ချင်နေတဲ့ ရာဘီးအော့

11:31 AM, 3 July

စီးရီးအေချန်ပီယံ ဂျူဗင်တပ်သို့ပြောင်းရွေ့လိုက်ပြီးနောက် ရာဘီးအော့ဟာ ပြင်သစ်ဂန္တ၀င်ကစားသမားများရဲ့ ခြေ ရာကိုလိုက်နင်းချင်နေပါတယ်။

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ကုန်ဆုံးပြီးနောက်မှာတော့ ရာဘီးအော့ရဲ့ ရောက်ရှိကြောင်းကို တနင်္လာနေ့တွင် ဂျူဗင်တပ်အသင်းက ကြေညာခဲ့ပါတယ်။

အသက် ၂၄နှစ်အရွယ် ကစားသမားဟာ ပလာတီနီ၊ ဒတ်စ်ချန့်၊ ဇီဒန်း၊ ထရေဇီဂေး၊ သူရမ်၊ ပေါ့ပ်ဘာတို့ ပြီးနောက် အီတလီကလပ်သို့ ရောက်ရှိလာတဲ့ နောက်ဆုံး ပြင်သစ်ကစားသမားဖြစ်ပါတယ်။

အင်္ဂါနေ့ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ''ဂျူဗင်တပ်မှာ ပြင်သစ်ဂန္တ၀င်ကစားသမားများရဲ့သမိုင်းကြောင်း တော်တော်များများကရှိကာ ကျွန်တော်ကလည်း သူတို့ကဲ့ဖြစ်ဖို့ မျှော်လင့်ပါတယ် '' လို့ ရားဘီးအော့က ပြောပါတယ်။

''ဂျူဗင်တပ်ဟာ ကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းအစဉ်အလာအရ ဂုဏ်သတင်းကျော်ဇောတဲ့ ကလပ်တစ်ခုဖြစ်ပါတယ် ''

ရာဘီးအော့ဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဖြစ်လာပြီးနောက်မှာတော့ ကလပ်တော်တော်များများနှင့် ဆက်သွယ်မှုရှိခဲ့ပြီး မန်ယူ၊ လီဗာပူးလ်၊ စပါး၊ ဘာစီလိုနာတို့ဟာ ကစားသမားရောက်ရှိနိုင်တဲ့ အသင်းတွေဖြစ်ခဲ့ပါတယ်။

နောက်ရာသီတွင် ကျောနံပါတ် ၂၅ ကို ၀တ်ဆင်ကစားမည့် တူးလူးစ်ကစားသမားဟောင်းဟာ ဂျူဗင်တပ်သို့  ပြောင်းရွေ့ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး ကျေနပ်နေကာ ကွင်လယ်တွင် ပွဲထွက်ဖို့အတွက် တစ်နိုင်ငံတည်းသား မာတူဒီနှင့် ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

''အားလုံးကတော့နောက်ဆုံးမှာ ပြီးဆုံးခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ သဘောတူညီမှုရရှိခဲ့ပါတယ် ''လို့ သူကပြောပါ တယ်။

''ဂျူဗင်တပ်ဟာ အရင်ကတည်းက ကျွန်တော့်ကိုဆက်သွယ်ခဲ့ဖူးပြီး မှန်ကန်တဲ့အချိန်မှာ အသင်းသို့ရောက်ရှိလာတာပါ။ ပဲရစ်တွင် ၇ နှစ်တာ ကစားခဲ့ပြီးနောက်မှာတော့ စီးရီးအေတွင်ကစားဖို့အတွက် ကျွန်တော်က အဆင်သင့်  ဖြစ်နေပါပြီ။ အရင်ကတည်းက ကျွန်တော့်မှာရှိတဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမှာပါ ''

''အခုချိန်ထိ နည်းပြဆာရီနှင့် စကားမပြောရသေးသော်လည်း ဂျူဗင်တပ်အသင်းရှိ လူတိုင်းက ကျွန်တော့်ကို လေးစားကျပါတယ်။ ကွင်းလယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ကစားရတာကို ကျွန်တော်က နှစ်သက်ပါတယ်။ နှစ်ယောက်တည်းရှိတဲ့ ကွင်းလယ်မှာလည်း ကျွန်တော်က ကစားနိုင်ပါတယ်။ နည်းပြရဲ့ သဘောအတိုင်း ကျွန်တော်က ကစားမှာပါ ''

'' ဒီမှာ ပြိုင်ဆိုင်မှုတွေတော့ရှိပြီး မာတူဒီနှင့်လည်း ပြိုင်ဆိုင်ရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ပုံမှန်ပါပဲ '' လို့ သူက ပြောပါတယ်။

#စီးရီးအေ #ရာဘီအော့