ရှေ့သို့
Image

"မက်ဆီကို ဘယ်သူမှရပ်တန့်လို့ မရပါဘူး"တီတေး

1:45 PM, 2 July

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ကိုပါအမေရိက ပွဲစဉ်တစ်လျောက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် နည်းပြ တီတေးကတော့ မက်ဆီကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဘရာဇီးနည်းပြ တီတေးက မက်ဆီဟာ ဘယ်သူမှ ရပ်တန့်လို့မရပေမယ့် အသင်းသားတွေက မက်ဆီအတွက် နည်းလမ်းကောင်းတွေနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားသွားမယ်လို့ မျှော်လင့်နေပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိသေးပါဘူး။

အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်မှာတော့ ဗင်နီဇွဲလားအသင်းကို မာတီနက်ဇ်၊ လိုဆယ်ဆိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ရုန်းကန်နေခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းတွေအရ စိုးရိမ်စရာ ကောင်းနေဆဲဖြစ်တယ်လို့ တီတေးက ဆိုပါတယ်။

တီတေးက"အာဂျင်တီးနားအသင်းဟာ တစ်ဦးချင်း ကောင်းမွန်သလို အသင်းလိုက် ကစားပုံလည်း တိုးတက်လာတဲ့ အသင်းတစ်သင်းပါ။ မက်ဆီကိုတော့ ဘယ်သူမှ ရပ်တန့်လို့မရပဲနဲ့ လှုပ်ရှားမှုတွေ နှေးသွားအောင်ပဲ ပြုလုပ်လို့ ရပါတယ်။ ကော်တင်ဟို၊ နီရက်စ်၊ ဖာမီနိုတို့ဟာ တစ်ဦးခ်ျးစွမ်းရည်မှာ မက်ဆီလို မပြုလုပ်နိုင်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် တီတေးက ဘရာဇီးလ် အသင်းသားတွေဟာ မက်ဆီကို နှေးကွေးအောင် ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

#ကိုပါအမေရိက #တီတေး