ရှေ့သို့
Image

နောက်ရာသီမှာ ဇင်ချန်ကို ၀တ်ဆင်မယ့် ကျောနံပါတ်အသစ်ကို အတည်ပြုခဲ့တဲ့ မန်စီးတီး

4:45 PM, 1 July

မန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်မှာ ၀တ်ဆင်မယ့် ၀တ်စုံကိုတရားဝင်ကြေညာပြီးနောက် ယူကရိန်းသားလေးရဲ့လာမယ့်ရာသီမှာ ၀တ်ဆင်မယ့် ကျောနံပါတ်အသစ်ကိုကြေညာခဲ့ပါတယ်။

အဆိုပါယူကရိန်းသားလေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းမှာ ကျောနံပါတ် ၃၅ ကို ၀တ်ဆင်ကစားခဲ့ပြီး လာမယ့်ရာသီသစ်မှာတော့ ကျောနံပါတ် ၁၁ ကို ပြောင်းလဲဝတ်ဆင်မယ်လို့ မန်စီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။

အသက် ၂၂နှစ်အရွယ် ယူကရိန်းကွင်းလယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးအသင်းအတွက် ၁၄ ပွဲ ကစားရာမှာ ၃ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး သွင်းဂိုးတော့ သွင်းယူနိုင်ခြဲ့ခင်းမရှိတာဖြစ်ပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို