ရှေ့သို့
Image

ယမန်နှစ်က လီဗာပူးအသင်းရဲ့ အဆုံးအဖြတ်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ အိုရီဂီကို အသင်းပိုင်ရှင် ဂျွန်ဟင်နရီချီးကျူး

4:30 PM, 1 July

လီဗာပူး အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို အပြည့်အ၀ အာရုံစိုက်သွားမှာ ဖြစ်တဲ့အကြောင်းကို အသင်း ပိုင်ရှင် ဂျွန် ဟင်နရီက ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယမန်နှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးအသင်းကို ၁မှတ်အကွာဖြင့်သာ ရှုံးနိမ့်ပြီး လိဂ်ဖလားကို လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ လီဗာပူးအသင်းဟာ ဗိုလ်လုပွဲစဉ်မှာ စပါးအသင်းကို အနိုင်ယူပြီး ကာလရှည် ဝေးကွာနေတဲ့ ဆုဖလားကို ပြန်လည် ကိုင်မြောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ ၁၉၉၀နောက်ပိုင်း လိဂ်ဖလားကို ပြန်လည် ရရှိနိုင်ဖို့ ပရိသတ်တွေက အလိုရှိနေခဲ့ပါတယ်။

ဂျွန်ဟင်နရီက "ကျွန်တော့်အတွက်တော့ ဥရောပမှာ အနိုင်ရတာက အင်္ဂလန်ထက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိစေပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ လိဂ်ဖလားကို လိုချင်ကြတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ကို အာရုံစိုက်သွားမှာပါ"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဂျွန်ဟင်နရီက ယမန်နှစ်ရာသီက အသင်းအတွက် အဆုံးအဖြတ်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ တိုက်စ်စမှုး အိုရီဂီကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

"ဒီကိစ္စက ကျွန်တော့်အပေါ် မမူတည်ပေမယ့် အိုရီဂီကို လာမယ့်နှစ် ပွဲတော်တော်များများမှာ မြင်တွေ့ရနိုင်ပါတယ်။ ကျွန်တော်ကတော့ သူဟာ ထူးခြားပြီး အားထုတ်မှုနဲ့ ပြေးအားကောင်းသလို ဂိုးသွင်းလည်း
တိကျတယ်လို့ ထင်ပါတယ်။ ကျွန်တော် လာမယ့်နှစ်အတွက် ပျော်ရွှင်နေပါတယ်"လို့ ဟင်နရီက ဆိုပါတယ်။

#လီဗာပူး #အိုရီဂီ