ရှေ့သို့
Image

ဘစ်ဆာကာရောက်ရှိလာပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဒါလော့စ်

1:13 PM, 1 July

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ၀မ်ဘစ်ဆာကာ ရောက်ရှိလာပြီးနောက် နောက်ခံလူ ဒါလော့စ်ဟာအသင်းကနေ ထွက်ခွာနိုင်တယ်လို့ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေန့က ပဲလေ့စ်အသင်းရဲ့ညာနောက်ခံကစားသမားလေးကို ပေါင် ၄၅သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အသက် ၂၀အရွယ် ဒါလော့စ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါ်တိုအသင်းကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ နည်းပြ မော်ရင်ဟိုကိုင်တွယ်တုန်းက ညာနောက်ခံကစားသမားအဖြစ် ခြေစွမ်းပြကစားခဲ့ပါတယ်။

အဆိုပါပေါ်တူဂီကစားသမားလေးဟာ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကွင်းလယ်ကစားသမားလေးအဖြစ် ၁၈ ပွဲ အထိ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပဲလေ့စ်အသင်းညာနောက်ခံကစားသမား ဘစ်ဆာကာ ရောက်ရှိလာမှုကြောင့် ဒါလော့စ်အနေနဲ့ပွဲထွက်ခွင့်မသေချာတဲ့ အနေအထားတစ်ရပ်ဖြစ်လာဖွယ်ရှိနေပါတယ်။

မန်ချက်စတာကလာတဲ့သတင်းတွေအရတော့ အဆိုပါပေါ်တိုကစားသမားဟောင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာပဲ ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိယူနိုက်တက်အသင်းကနေ တိုက်စစ်မှူး လူကာကူ၊ ရိုဟို၊ ဒါမီယန်တို့ထွက်ခွာဖွယ်ရှိနေပြီး အခုနောက်ထပ် ဒါလော့စ်ပါထပ်မံ ထွက်ခွာဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ ကွင်းလယ်ကစားသမားနေရာကိုအစားထိုးဖို့ပြင်ဆင်နေပြီး နယူးကာဆယ် အသင်းရဲ့ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်ကိုခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ