ရှေ့သို့
Image

ပေါ်တူဂီသား အတွက် မန်ယူ အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ စပို့တင်း

12:30 PM, 1 July

မန်ယူအသင်းဟာ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်အတွက် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းလစ္စဘွန်း အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ အဆိုပါပေါ်တူဂီသားကိုခေါ်ယူဖို့ အတွက် ဒီနှစ်နွေအပြောင်းအရွှေ့တစ်လျောက်လုံး ချိတ်ဆက်နေခဲ့တာဖြစ်ကာ အခုချိန်အထိသဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ အသင်းရဲ့လူစာရင်းကိုအတောင့်တင်းဆုံးဖြစ်အောင်ပြင်ဆင်နေပြီး ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် ၊ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ၀မ်ဘစ်ဆာကာတို့ကို ခေါ်ယူထားခဲ့ပါတယ်။

ဒါပေမယ့်လည်း နော်ဝေသားကတော့ ကွင်းလယ်နေရာကိုလည်း ပြင်ဆင်ဖို့စီစဉ်နေပြီး ဖာနန်ဒက်စ်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဒယ်လို့စပေါ့သတင်းဌာနကတော့ မန်ယူအသင်းဟာ စပို့တင်းအသင်းထံ ပေါင် ၃၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ပေါ်တူဂီကလပ်အသင်းကတော့ အနည်းဆုံးပေါင် ၆၀၊ ၇၀ သန်းလောက်အထိ အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #စပို့တင်း