ရှေ့သို့
Image

#Breaking News: အက်သလက်တီကိုအသင်း ခေါင်းဆောင်ကို ခေါ်ယူခဲ့တဲ့ အင်တာ

10:05 AM, 1 July

အင်တာမီလန်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းခေါင်းဆောင် ဒီယေဂိုဂိုဒင်ကို အလွတ်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ေ

 ခေါ်ယူခဲ့ပါတယ်။

အဆိုပါဥရုဂွေးနောက်ခံလူဟာ ဒီနှစ်နွေမှာ အက်သလက်တီကိုမက်ဒရစ်ကို စွန့်ခွာမယ်လို့မကြာခင်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ ဂိုဒင်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ၉နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး အခုအချိန်မှာတော့ စိန်ခေါ်မှုအသစ်တွေအတွက်အသင်းသစ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၂၀၀၇ ခုနှစ်မှာတော့  နောက်ခံလူ ဂိုဒင်ဟာ ဗီလာရီးရဲလ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ၃၆ ပွဲမှာ ၃ဂိုး သွင်းယူနိုင်ခဲ့ကာ သြဂုတ်လ ၄ ရက်နေ့ ၂၀၁၀မှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင် ၆.၆သန်း   ၅နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းပါဝင်တဲ့ ဥရုဂွေးအသင်းကတော့ ကိုပါအမေရိကကွာတားဖိုင်နယ်မှာ ပီရူးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်နဲ့တင်ကျေနပ်ခဲ့ရပါတယ်။

#လာလီဂါ #ဂိုဒင်