ရှေ့သို့
Image

လက်ရှိချန်ပီယံကိုအနိုင်ယူပြီးယူရို ယူ-၂၁ဖလားကို စပိန်တို့ဗိုလ်စွဲ

8:17 AM, 1 July

ယမန်နေ့ညက ကစားခဲ့တဲ့ ယူရို ယူ-၂၁ ဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းက လက်ရှိ ချန်ပီယံ ဂျာမနီအသင်းကို ၂-၁ဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်က စပိန်အသင်းကို အနိုင်ရရှိခဲ့ပေမယ့် ယနေ့ပွဲစဉ်မှာတော့ ပွဲအစ ၇မိနစ်မှာပဲ ကွင်းလယ်လူ ဖေဘီယန်ရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးခဲ့ရပြီးနောက် ဂျာမနီတို့ ပြန်လည် ထိုးဖောက်ခဲ့ပေမယ့် စပိန် ခံစစ်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးအချိန်မှာ စပိန်အသင်းခေါင်ေးဆာင် ဗယ်လီဂျို ဂျာမနီတိုက်စစ်မှူး ၀က်ဒ်ရှမစ်ကို ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အ၀ါကတ်သာ ပြသခဲ့တာကြောင့် စပိန်အသင်း သက်သာရာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂျာမနီတို့ အသည်းသန် ထိုးဖောက် ကစားခဲ့ပေမယ့် စပိန်ခံစစ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိတော့ပဲ အဝေးကန်ချက်တွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာမနီ တောင်ပံကစားသမား အမ်မရီရဲ့ ကန်ချက်တွေက စပိန်နောက်ခံလူတွေနဲ့ ဂိုးသမား စီဗီရာတို့ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

၆၉မိနစ်မှာတော့ စပိန်တို့ အနိုင်သေချာစေမယ့် ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ကွင်းလယ်လူ ဖေဘီယန်ရဲ့ ကန်ချက်ကနေ အံထွက်လာတဲ့ ဘောလုံးကို အိုလမိုက အပိုင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၈၈မိနစ်မှာတော့ ဂျာမနီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး အမ်မရီရဲ့ ကန်ချက်က နောက်ခံလူ ဗယ်လာဂျိုနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီတို့ နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် စပိန်အသင်းက ၂-၁ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် စပိန်အသင်းဟာ ၂၀၁၇ခုနှစ် ဗိုလ်လုပွဲက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာတော့ ကစားသမားတွေဟာ အားလပ်ရက် အနားယူချိန် ရရှိခဲ့ပြီဖြစ်ပါတယ်။ အပြောင်းအရွေ့ကာလမှာတော့ စပိန် ကွင်းလယ်လူ စီဘယ်လော့စ်ဟာ အသင်းပြောင်းရွေ့ဖို့ ရေပန်းစားနေပြီး အာဆင်နယ်နဲ့ စပါးအသင်တို့က ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိပါတယ်။


#ဒန်နီဆီဘယ်လော့စ်