ရှေ့သို့
Image

ဥရုဂွေး ၀ - ၀ ပီရူး : ဆွာရက်ဇ်ရဲ့ပင်နယ်တီလွဲချော်မှုကြောင့် ကွာတားဖိုင်နယ်မှာတင်ကျေနပ်ခဲ့ရတဲ့ ဥရုဂွေး

7:57 AM, 30 June

ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းနဲ့ ပီရူးအသင်းတို့ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ပင်နယ်တီအထိရောက်ရှိခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ပင်နယ်တီလွဲချော်မှုကြောင့် ကွာတားဖိုင်နယ်မှာပဲကျေနပ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ တိုက်စစ်မှူး ကာဗာနီ အပိုင်အခွင့်အရေးတစ်ရပ်ရရှိခဲ့ပေမယ့် ဖြုန်းတီးခဲ့တာကြောင့် ဥရုဂွေးအတွက်နစ်နာခဲ့ရပြီး ပီရူးအသင်းအတွက်တော့ ကံကောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ထို့အပြင် နောက်ခံလူ ဂိုဒင်ရဲ့သွင်းဂိုးတွေကိုလည်း VAR ကြည့်ပြီး လူကျွံအနေအထားမှာရှိနေတာကြောင့် ထပ်မံခွင့်ပြုခြင်းမခံခဲ့ရပြန်ပါတယ်။
နောက်ဆုံးမှာတော့  ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပီရူးအသင်းဂိုးသမား ပက်ဒရို ဂယ်လက်ဆီက တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့တာကြောင့် ဥရုဂွေးအသင်းကွာတားဖိုင်နယ်နဲ့တင် လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

#ပီရူး #ကိုပါအမေရိက