ရှေ့သို့
Image

အာဂျင်တီးနားအတွက် မက်ဆီလိုအပ်ကြောင်း စကာလိုနီ ကာကွယ်ပြောဆို

1:28 PM, 29 June

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ယခု ကျင်းပနေတဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေပေမယ့် နည်းပြ စကာလိုနီကတော့ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် လိုအပ်နေသေးကြောင်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

မက်ဆီကို ဝေဖန်မှုတွေ ရှိနေပေမယ့် စကိုလိုနီကတော့ အသက် ၃၂နှစ်အရွယ် ကစားသမားအတွက် စိုးရမ်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

စကာလိုနီက "ကစားသမားတွေ အများကြီးထဲမှာ မက်ဆီက အသင်းအတွက် လိုအပ်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ အ၀တ်လဲခန်းထဲမှာ ဘယ်လောက် ပေးဆပ်တယ် ကွင်းထဲမှာ ဘယ်လို ပေးဆပ်တယိုတာသာ ခင်ဗျားတို့သိရင် တစ်မျိုး စဉ်းစားကြမှာပါ။ သူက အသင်းမှာ အရေးကြီးအစိတ်အပိုင်းအဖြစ် ပါဝင်နေတယယ်ဆိုတာ အာမခံပါတယ်။ ဒါကို စိတ်ပူစရာ မလိုပါဘူး။ မက်ဆီက မက်ဆီပါပဲ။ သူက အကောင်းဆုံး ကစားသမားပါ"လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။     ဆီမီးဖိုင်နယ်မှာတော့ ဘရာဇီးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

စကာလိုနီက "ဒီပွဲစဉ်ဟာ ခင်ဗျားတို့အားလုံးကို အကောင်းဆုံး အတွေ့အကြုံတွေ ပေးမှာပါ။ ကျွန်တော်တို့အကောင်းဆုံး ကြိုးစားပြီးတော့ အနိုင်ရရှိအောင် စွမ်းဆောင် သွားမှာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။

#ဗင်နီဇွဲလား #စကာလိုနီ