ရှေ့သို့
Image

ဒီလစ်အား ဝေဖန်လိုက်တဲ့ ကမ္ဘာ့ဖလားဆုရှင် ခရစ္စတိုဖာဒူဂါရီ

9:22 AM, 29 June

ဒီလစ်ရဲ့ ပြောင်းရွေ့မည့်ကလပ်များအပေါ် ချဉ်းကပ်မှုနှင့်ပတ်သတ်ပြီး ကမ္ဘာ့ဖလားဆုရှင် ဒူဂါရီက ဝေဖန်ပြောဆိုလိုက်ပါတယ်။

အသက် ၁၉နှစ်အရွယ် အေဂျက်ဇ် အသင်းခေါင်းဆောင်ဟာ အသင်းကို ပြည်တွင်းဆုဖလားရရှိအောင်နှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သော်လည်း ဒီနွေရာသီတွင်တော့ အသင်းသစ်ရှာ  ဖွေနေတာလည်းဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုထဲသို့ ပီအက်စ်ဂျီအသင်းမရောက်ရှိလာခင်တွင် ဒီလစ်ဟာ ဘာစီလိုနာရဲ့ ပစ်မှတ်ထားခြင်းကိုခံနေခဲ့ရပါတယ်။

သူ့ရဲ့စာချုပ်ထဲတွင် စာချုပ်ဖြတ်သိမ်းခကို ထည့်သွင်းပြီးနောက်မှာတော့ နောက်တန်းကစားသမားဟာ ဂျူဗင်တပ် အသင်းသို့ ပြောင်းရွေ့ဖို့အတွက်ဖြစ်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်တွင်ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ဒူဂါရီကတော့ ဒီလစ်ရဲ့ ဆုံးဖြတ်ချက်ချမှုနှင့် ပတ်သတ်ပြီး ပြောဆိုထားပါတယ်။

''ခေါင်းထဲမှာဘယ်လိုတွေးမိလို့ ဘယ်လိုစဉ်းစားလိုက်တာလဲ? ယူရို ၁၂၊ ၁၃၊ ၁၄၊ သို့မဟုတ် ၁၅ သန်းလား ? ဘယ်လိုပြောင်းလဲမှုတွေလဲ၊ ကားတစ်စီးပိုသွားမှာလား၊ တိုက်ခန်းမှာ စကွဲယားမီတာ ၅၀ လောက် ပိုကျယ်သွားမှလား၊ ရွက်လှေက ၁၀ မီတာ လောက်ပိုကြီးသွားမှာလား။
ဒီလစ်က ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။  ပီအက်စ်ဂျီဥက္ကဌကိုလည်း ချီးကျူးပါတယ်။ လီယိုနာဒိုကိုလည်း ချီးကျုးပါတယ်။ ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေကိုလည်း ချီးကျုးပါတယ် ''

''ခေတ်သစ်ဘောလုံးလောကအတွက် ကျွန်တော်ကကြိုးစားခဲ့ပါတယ်။ ဒီလစ်ဟာ ကိုယ့်ကိုကိုယ် ပီအက်စ်ဂျီရဲ့ လုပ်ငန်းများမှာ ပေးဆပ်သင့်ပါတယ်။
ဒီလုပ်ငန်းမှာ စတင်ပြီးမပေးဆပ်ခဲ့ဘူးဆိုရင်တောင် အပြောင်းရွေ့အတွက်ကို စဉ်းစားရမှာပါ။ ဂျူဗင်တပ်အသင်းက စာချုပ် ချုပ်ခေါ်ယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ကစားသမားရဲ့ လက်ရှိ အခြေအနေကတော့ ဘယ်အသင်းကိုမှ မကူညီနိုင်သေးပါဘူး။

#ဘာစီလိုနာ #ဖီဖာ #ဒီလစ်ဂ်ျ