ရှေ့သို့
Image

ဗင်နီဇွဲလားကိုအနိုင်ကစားပြီး ဆီမီးဖိုင်နယ်မှာ ဘရာဇီးနဲ့တွေ့ဆုံတော့မယ့် အာဂျင်တီးနား

8:49 AM, 29 June

ဗင်နီဇွဲလားကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်မှာ ဘရာဇီးနဲ့တွေ့ဆုံတော့မယ့် အာဂျင်တီးနား
===================
ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားအသင်းက  ဗင်နီဇွဲလားအသင်းကို ၂-၀ဖြင့် အနိုင်ကစားပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပွဲအစ ၁၀မိနစ်မှာပဲ တိုက်စစ်မှူး မာတီနက်ဇ်က အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

မာတီနက်ဇ်နဲ့ အဂူရိုတို့ဟာ တိုက်စစ်မှာ အတွဲညီညီကစားနိုင်ခဲ့ပြီး ကန်သွင်းချက် အများအပြားကို ဂိုးသမား ဖာရီနက်ဇ် ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။

မက်ဆီနဲ့ ပါရီဒက်စ်တို့ရဲ့ set piece တွေကိုလည်း ဗင်နီဖွဲလား နောက်ခံလူတွေ ခက်ခက်ခဲခဲ ရှင်းထုတ်ခဲ့ရပါတယ်။

၇၅မိနစ်မှာ အဂူရိုရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ရာမှ ပြန်ထွက်လာတဲ့ ဘောလုံးကို လူစားဝင်လာတဲ့ လိုဆယ်ဆိုက အပိုင် ကန်သွင်းပြီး အာဂျင်တီးနားအတွက် အနိုင်သေချာစေမယ့် သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် အာဂျင်တီးနား အသင်းက ကစားအားချခဲ့ပြီး ဂိုးမပေးရအောင်သာ ကစားခဲ့လို့ ပွဲအပြီးမှာ ၂-၀ဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပြောစရာ ရှိတာကတော့ တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ ခြေစွမ်းဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်မှုတွေကနေပဲ အာဂျင်တီးနာအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကတော့ ထိန်းချုပ်ခံထားခဲ့ရတာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး လာမယ့် ဘရာဇီးအသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြန်လည် ပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ကျွန်တော်တို့ ကိုပါအမေရိကမှာ အကြည့်ချင်ဆုံး ပွဲတစ်ပွဲဖြစ်တဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ရဲ့ အာပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

#ဗင်နီဇွဲလား #ကိုပါအမေရိက