ရှေ့သို့
Image

ယမန်နှစ်က ခံစစ်ပိုင်း ဆိုးရွားခဲ့ပေမယ့် ဗဟိုခံစစ်ကစားသမား ခေါ်ယူဖို့ ယူနိုက်တက်မသေချာသေး

4:06 PM, 28 June

မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ဗဟို ခံစစ် ကစားသမား ခေါ်ယူဖို့ မသေချာသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။

လက်စတာ နောက်ခံလူ မက်ဂွီရီကို စိတ်ဝင်စားနေပေမယ့် ပေါင် သန်း ၁၀၀ တောင်းဆိုချက်ကြောင့် ယူနိုက်တက်က လက်လျော့ခဲ့ပါတယ်။

မန်ယူအသင်းဟာ ညာနောက်ခံလူ နေရာအတွက်တော့ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ၀မ်ဘစ်စကာကို ပေါင် သန်း၅၀နဲ့ ခေါ်ယူထားခဲ့ပါတယ်။

ဗဟိုခံစစ် နေရာအတွက်တော့ ကူလီဘာလီ၊ အယ်ဒါဝီရယ်၊ ဒီလစ်ခ်ျနဲ့ အခြားကစားသမားတွေကို လွန်ခဲ့တဲ့ လတွေက ချိတ်ဆက်နေခဲ့ပါတယ်။

မန်ယူအသင်းက မက်ဂွီရီအတွက် ပေါင် သန်း ၈၀ ပေးချေဖို့ အသင့်ရှိနေပေမယ့် လက်စတာအသင်းက ပြောင်းရွေ့ကြေးကို တိုးမြင့် သတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်တို့ အခက်ကြုံခဲ့ရပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ဗဟို ခံစစ်ကစားသမား တစ်ဦးခေါ်ယူမလားဆိုတဲ့ အကြောင်းအရာကိုတော့ ယခုအချိန်ထိ ဆုံးဖြတ်ချက် မချရသေးပါဘူး

မန်ယူအသင်းဟာ ယမန်နှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၅၄ ဂိုး အထိ ပေးဂိုးရှိခဲ့ပါတယ်။ နည်းပြဟောင်း မော်ရင်ဟဟိုဟာ ခံစစ်မှူးတစ်ဦးကို ယမန်နှစ် ရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယူနိုက်တက်ဟာ ဂန္တ၀င် နောက်ခံလူ ဗီဒစ် ထွက်ခွာခဲ့တဲ့ ၂၀၀၆ခုနှစ် နောက်ပိုင်း စမောလင်း၊ ဖီးလ်ဂျုံး၊ ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့ကိုသာ ခေါ်ယူထားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ကူလီဘာလေ #ဒီလစ်ဂ်ျ