ရှေ့သို့
Image

ဘာစီလိုနာအသင်း ဒေကို၊ ရော်နယ်ဒင်ဟိုတို့ကို ရောင်းချခဲ့ရတဲ့အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ လှပ်ဘ်

3:50 PM, 28 June

အာဆင်နယ်အသင်းကစားသမားဟောင်း အလက်ဇန္ဒား လှပ်ဘ်ကတော့ ဘူဂေးရီးယားတီဗွီအစီအစဉ် တစ်ခုမှာ ဘာစီလိုနာအသင်းဟာ ရော်နယ်ဒင်ဟိုနဲ့ ဒေကိုတို့ကို လေ့ကျင့်ရေးအစီအစဉ်ကို အရက်သောက်လာတာကြောင့် ရောင်းချခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

“ရော်နယ်ဒင်ဟိုနဲ့ ဒေကိုတို့ဟာ မူးယစ်သောက်စားပြီးလေ့ကျင့်ခန်းလာဆင်းကြပါတယ်။ အဲ့တာကြောင့် သူတို့ကို ၂၀၀၈ခုနှစ်မှာ ရောင်းချခဲ့တာပါ။ ဘာလို့လဲဆိုတော့ လူငယ်ကစားသမားလေး မက်ဆီကိုလည်း ထိခိုက်လာမှာဖြစ်တာကြောင့် ရောင်းထုတ်ခဲ့တာပါ”လို့ လှပ်ဘ်ကို ဗိုကာတီဗွီကိုပြောပါတယ်။

အဲ့အချိန်တုန်းကတော့ တိုက်စစ်မှူး မက်ဆီရဲ့အသက်ဟာ ၂၁ အရွယ်သာ ရှိသေးပြီး ရော်နယ်ဒင်ဟို၊ အီတူး၊ အွန်နရီတို့ရဲ့နောက်မှ လူစားဝင်ကစားနေတာဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာစတင်ကိုင်တွယ်ပြီးနောက်မှာတော့ ရော်နယ်ဒင်ဟိုကို အေစီမီလန်အသင်းထံ ရောင်းချခဲ့သလို ဒေကိုကိုလည်း ချဲလ်ဆီး အသင်းထံရောင်းချခဲ့ကာ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ အီမယ်လ်ဆင်၊ ဇမ်ဘရော့တာတို့ကိုလည်း ရောင်းချခဲ့ပါတယ်။

ကွင်းလယ်ကစားသမား လှပ်ဘ်ကတော့ အာဆင်နယ်အသင်းကနေ ပေါင် ၁၀ သန်းနဲ့ ဘာစီလိုနာ အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အဆိုပါဘီလာရုစ်လက်ရွေးစင်ကစားသမားကတော့ ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ချင်ဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

“တကယ်တော့ ကျွန်တော် ဘာစီလိုနာအသင်းဆီကိုမပြောင်းချင်ခဲ့ပါဘူး။ ဘိုင်ယန်ကိုပြောင်းချင်ခဲ့တာပါ။ ပြီးတော့ အာဆင်နယ်အသင်းမှာလည်းဆက်နေချင်ခဲ့တာပါ။ ဒါပေမယ့် အေးဂျင့်က နည်းပြ ဂွာဒီယိုလာက အလိုရှိနေတယ်။ တက်လမ်းလည်းရှိတယ်ဆိုပြီး ပြောင်းရွှေ့ခိုင်းခဲ့တာပါ”လို့ လှပ်ဘ်က ပြောကြားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား လှပ်ဘ်ဟာ နူးကမ့်ကိုစရောက်ပြီး ပထမရာသီမှာပဲ အသင်းနဲ့အတူ ဖလား ၃လုံး ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

အဆိုပါအသက် ၃၈နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘာတီအသင်းကနေ ထွက်ခွာခဲ့ပြီး လက်ရှိအချိန်မှာလည်း Free Agent ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။

#ဘာစီလိုနာ #ရော်နယ်ဒင်ဟို