ရှေ့သို့
Image

လမ်းပတ်ရဲ့ စွမ်းဆောင်ရည်က ဒါဘီနည်းပြဟောင်းတွေရဲ့ စွမ်းဆောင်ရည်ထက် ဆိုးရွားနေ

3:19 PM, 28 June

ချဲလ်ဆီး ပရိသတ်တွေက လမ်းပတ်ကို ပြန်လည်ခေါ်ယူပြီး အသင်းကို အောာင်မြင်မှုတွေ ပြန်လည်ရယူစေချင်ပေမယ့် ယမန်နှစ်က ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ လမ်းပတ်ရဲ့ စွမ်းဆောင်ရည်က နည်းပြဟောင်းတွေရဲ့ စွမ်းဆောင်ရည်ထက် ဆိုးရွားနေခဲ့ပါတယ်။

ဒါဘီအသင်းဟာ ယခုနှစ်တွေအတွင်းမှာ  Playoff ဗိုလ်လုပွဲကနေ ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီး လမ်းပတ်ကလည်း အလားတူ ရှုံးနိမ့်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါဘီအသင်းကို တစ်နှစ်တာ ကိုင်တွယ်ခဲ့ချိန်မှာ လမ်းပတ်ဟာ ၅၇ ပွဲမှာ ၂၄ ပွဲ အနိုင်ရရှိခဲ့ပြီး တစ်မှတ်အသာနဲ့ Playoffကို ရောက်ရှိခဲ့ပါတယ်။

ဒါဘီအသင်းဟာ ၀က်ဂ်ဟွန်း၊ မာရီရော့တို့လို ကစားသမားတွေကို ခေါ်ယူထားခဲ့သလို ဟယ်ရီ ၀ီလ်ဆင်၊ မေဆင် မွန့်နဲ့ တိုမိုရီတို့ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အဲ့ဒီနောက် ဒါဘီအသင်းဟာ  Playoff ဗိုလ်လုပွဲကို ၅နှစ် အတွင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

လမ်းပတ်မတိုင်ခင် နည်းပြဖြစ်တဲ့ ဂယ်ရီ ရောဝတ်ဟာ အင်္ဂလန် ကွင်းလယ်လူဟောင်းနဲ့ ရလဒ်ပိုင်း သိပ်မကွာပဲ ပွဲ၆၀မှာ ၂၆ ပွဲ ကစားခဲ့ပြီး ပျမ်းမျှ ၁.၅၆ပွဲ အနိုင်ရခဲ့ပါတယ်။

ရောဝတ်ဟာ အဆင့်၆ နေရာနဲ့ ပလေးအော့ဖ်ကို တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ 

အဲ့ဒီနောက်ကို ပြန်ကြည့်ရင်တော့ လမ်းပတ်အတွက် ကောင်းတဲ့ ကိစ္စတွေတော့ တွေ့ရမှာ မဟုတ်ပါဘူး။

မက္ကလာရင်ဟာ ဒါဘီအသင်းကို ၂နှစ်ကြာ နည်းပြခဲ့ပြီး ပလေ့အော့ဖ် ဗိုလ်လုပွဲမှာ ကျူပီအာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ တစ်ပွဲ ပျှမ်းမျှရမှတ် ၁.၈၄မှတ် ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၀၁၆နဲ့ မတ်လ ၂၀၁၇တို့မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ၂၉ ပွဲမှာ ၁၃ ပွဲနိုင် ၇ ပွဲ သရေနဲ့ လမ်းပတ်ထက် အသာရခဲ့ပါတယ်။

ဘင်နီတက်ဇ်နဲ့ ဆာရီတို့ကို ပရိသတ်တွေ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် လမ်းပတ်လို လူငယ်နည်းပြ တစ်ဦးကို အသင်းကို ခေါ်ဆောင်လာဖို့ ချဲလ်ဆီး အသင်းက စီစဉ်နေပါတယ်။

#ဒါဘီ