ရှေ့သို့
Image

သူငယ်ချင်းအဖြစ်ကနေ တစ်ဆင့်တက်သွားတဲ့ ဇင်ချန်ကို

3:13 PM, 28 June

စီးတီးဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ သူငယ်ချင်းဖြစ်သူ သတင်းထောက်မလေး ဗလာဒါဆီဒန်နဲ့ မေတ္တာမျှနေပြီဖြစ်တဲ့အကြောင်း ဓာတ်ပုံလေးတစ်ပုံနဲ့အတူ အတည်ပြုလိုက်ပါတယ်။

အသက် ၂၂နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင် ဇင်ချန်ကိုဟာ ဆားဘီးယားကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအပြီး ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဗျူးနေတဲ့သတင်းထောက်မလေး ဆီဒန်ရဲ့လည်တိုင်ကို တစ်ရှိုက်မတ်မတ်နမ်းခဲ့ပြီး အဲဒီအင်တာဗျူးကို Live ထုတ်လွှင့်နေတာဖြစ်ပြီး တစ်နိုင်ငံလည်း သိသွားပါတယ်။

အစောပိုင်းကတော့ သူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ဒီလိုနောက်ပြောင်ခဲ့ကြတာလို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြပေမယ့် အခုထွက်ပေါ်လာတဲ့ဓာတ်ပုံအရတော့ သူတို့နှစ်ဦး သူငယ်ချင်းချစ်သူတွေဖြစ်နေကြပြီလို့ သိရပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို