ရှေ့သို့
Image

ဆေးစစ်မှု အောင်မြင်ပြီးနောက် မန်ယူအသင်းဝတ်စုံနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ ၀မ်ဘစ်ဆာကာ

10:44 AM, 28 June

ခရစ္စတယ် ပဲလေ့စ်အသင်း နောက်ခံလူ ၀မ်ဘစ်ဆာကာကတော့ မန်ယူအသင်းကို ပေါင် ၅၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကြာသပတေးနေ့မှာ ဆေးစစ်မှု အောင်မြင်ခဲ့ကာ အသင်းဝတ်စုံနဲ့အတူ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ အဆိုပါ ဓာတ်ပုံတွေဟာ လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ကာ မန်ယူအသင်းက အပြောင်းအရွှေ့ကို တစ်ပါတည်း ကြေညာခဲ့ပါတယ်။

နောက်ခံလူ ၀မ်ဘစ်ဆာကာဟာ အသင်းနဲ့ ဆေးစစ်မှု ခံယူပြီးနောက် ကလပ်အသင်းရဲ့တရားဝင် တီဗွီအစီအစဉ်မှာလည်း အင်တာဗျူး ခဲ့ပါတယ်။

ထို့အပြင် အသင်းရဲ့နည်းပြ အဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ကယ် ကာရစ် ၊ ကီရန် မက်စ်ကန်နာ တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

စပေါ့မေးလ် သတင်းဌာနကတော့ မန်ယူအသင်းဟာ နောက်ခံလူ ၀မ်ဘစ်ဆာကာ အပြင် နောက်ထပ် ကစားသမား ၃ ဦးလောက် ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ အချိန်မှာတော့ ယူနိုက်တက် အသင်းဟာ ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၇.၅ သန်း ၊ ၀မ်ဘစ်ဆာကာကို ပေါင် ၅၀ သန်းတို့နဲ့ ခေါ်ယူထားပြီး နောက်ထပ် ကစားသမားတွေ အဖြစ် အေဂျက် နောက်ခံလူ ဒီလစ်ဂ်ျ ၊ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကိုလည်း ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ