ရှေ့သို့
Image

နော်ဝေးကို အနိုင်ယြူုပီး ဆီမီးဖိုင်နယ်ကို အင်္ဂလန် အမျိုးသမီးအသင်း တက်ရောက်နိုင်ခဲ့

10:30 AM, 28 June

ယမန်နေ့ညက ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက နော်ဝေအသင်းကို ၃-၀ ဖြင့် အနိုင်ယူခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ ဂျီလ် စကော့ အင်္ဂလန်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၄၀ မှာ အီလန်က ၀ှိုက်က အင်္ဂလန်အသင်းအတွက် ဒုတိယမြောက် သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။ 

ဒီဂိုးဟာ အီလန်အတွက် ပြိုင်ပွဲတစ်လျောက် ၅ဂိုးမြောက် သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ၅၇မိနစ်မှာ လူစီ ဘရုန်းစ်က အင်္ဂလန်အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အင်္ဂလန်အသင်း ပင်နယ်တီ ရရှိခဲ့ပေမယ့် နီကီတာ ပါရစ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။

အင်္ဂလန်အသင်းးဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျပန်အသင်းကို ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။  ယနေ့ပွဲစဉ်မှာ အင်္ဂလန်အသင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက် အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ 

#နော်ဝေး #အမျိုးသမီးကမ္ဘာ့ဖလား