ရှေ့သို့
Image

လိစ်ဒ်ကြယ်ပွင့် ဂျက်ကလာခ့်ကို ဆေးစစ်ကာ မကြာမီ ခေါ်ယူနိုင်တော့မယ် တော့တင်ဟမ်

3:22 PM, 27 June

တော့တင်ဟမ်အသင်းဟာ လိစ်ဒ်ကြယ်ပွင့် ဂျက် ကလာ့ခ်ကို ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီး ယနေ့ မှာ ဆေးစစ်သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၁၈ နှစ်အရွယ် တောင်ပံ ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်း အများစုက ခေါ်ယူရန် မျက်စိကျလျက် ရှိနေစဉ် တော့တင်ဟမ်အသင်းက လက်ဦးမှု ရယူခဲ့တာ ဖြစ်ပါတယ်။

ကလာ့ခ်ဟာ တော့တင်ဟမ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တဲ့နောက် နေ့ လည်ခင်းမှာ ဆေးစစ်ဖို့ လန်ဒန်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

မူလတုန်းက လိစ်ဒ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် တော့တင်ဟမ် အသင်းရဲ့ ၂ ကြိမ်တိုင် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။

ဒါပေမယ့် ကလာ့ခ်ဟာ အသင်းရဲ့ အမူဆောင်ချုပ် အီလန်နဲ့  ဘော့စ် မော်ဆယ်လို ဘီရယ်ဆာတို့ကို တော့တင်ဟမ် အသင်းထံ ပြောင်းရွှေ့ချင်ကြောင်း ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယော့ခ်နွယ်ဖွား ဂျက်ကလာ့ခ်ဟာ နည်းပြ ပိုချက်တီနို လက်အောက်မှာ ထွန်းတောက်လာမယ့် ကစားသမား ဖြစ်လာဖို့ မျှော်လင့်လျက်ရှိပြီး လက်ရွေးစင် အသင်းမှာလည်း နေရာရဖို့ ရည်ရွယ်နေတာပါ။

အာဂျင်တီးနားသား နည်းပြဟာ ထရစ်ပီးယား၊ အဲရစ်ဒိုင်ယာ၊ ဒယ်လီ အလီ၊ ဟယ်ရီကိန်း၊ ဟယ်ရီဝင့်ခ် စတဲ့ လူငယ်တွေကို အင်္ဂလန်အသင်းမှာ နေရာရအောင် လမ်းပြ ညွန်ကြားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကလာ့ခ်ဟာ လိစ်ဒ်နည်းပြ ဘီရယ်ဆာရဲ့အသင်းမှာ ယမန်နှစ်က ၂၅ ပွဲ ပါဝင် ကစားခဲ့ပြီး ၅ ပွဲက ပွဲချိန်ပြည့် ကစားခဲ့တာ ဖြစ်ပါတယ်။

#ပိုချက်တီနို #တော့တင်ဟမ်