ရှေ့သို့
Image

မေဂျာလိဂ်မှာ ကွင်းလယ်ကနေ လှပတဲ့သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့တဲ့ ရွန်းနီ

2:15 PM, 27 June

ဒီစီယူနိုက်တက် အသင်းရဲ့တိုက်စစ်မှူး ၀ိန်းရွန်းနီကတော့ မေဂျာလိဂ်မှာ ကွင်းလယ်ကနေ လှပတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါ အင်္ဂလန်သားဟာ အဲဗာတန် အသင်းကနေ ဒီစီယူနိုက်တက် အသင်းကို ပြီးခဲ့တဲ့ နှစ်တုန်းက ပြောင်းရွှေခဲ့တာ ဖြစ်ကာ အော်လန်ဒို စီးတီးအသင်းနဲ့ ပွဲစဉ်မှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သွင်းဂိုးကိုတော့ တိုက်စစ်မှူး ရွန်းနီဟာ ကွင်းလယ်လောက်ကနေ ကန်သွင်းယူခဲ့တာ ဖြစ်ကာ မေဂျာလိဂ်ရဲ့တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးတစ်ဂိုး ဖြစ်လာဖွယ် ရှိနေပါတယ်။

မန်ယူအသင်း တိုက်စစ်မှူးဟောင်း  ရွန်းနီဟာ အော်လန်ဒိုစီးတီး အသင်းရဲ့ဂိုးသမား ဘရိုင်ယန် ရိုဝီ ဂိုးဧရိယာ အပြင်ဘက် ထွက်နေတာကို အခွင့်ကောင်းယူကာ ကိုက် ၇၀ အကွာလောက်ကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီစီတိုက်စစ်မှူး ရွန်းနီဟာ အခု သွင်းဂိုး မသွင်းယူခင် ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အသင်းဖော်ဂိုး သွင်းယူနိုင်အောင် ကွင်းလယ်လောက်ကနေ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် အောက်တိုဘာလ တိုရန်တိုအသင်းနဲ့ ပွဲစဉ်မှာလည်း ဖရီးကစ် သွင်းဂိုးကနေ လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် ၂၀၁၇ နိုဝင်ဘာလတုန်းကလည်း အဲဗာတန် အသင်းအတွက် ၀က်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

#ဒီစီယူနိုက်တက် #မေဂျာလိဂ်