ရှေ့သို့
Image

မြို့ခံပြိုင်ဘက် ရီးရဲလ်မှ အေတီကို အသင်းခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး လော်ရန်တေးအား ခေါ်ယူဖို့ အခွင့်အရေးကို ပယ်ချခဲ့တဲ့ လီဗာပူးလ်

9:48 AM, 27 June

ကစားသမားဟာ နည်းပြ ကလော့ပ်ရဲ့ ဦးစားပေးကစားသမားမဟုတ်တဲ့အတွက်ကြောင့် လော်ရန်တေးကို ခေါ်ယူဖို့ အခွင့်အရေးကို လီဗာပူး ပယ်ချခဲ့ပါတယ်။

ရီးရဲလ်ရဲ့ မြို့ခံပြိုင်ကလက် အေတီကိုသို့မပြောင်းရွေ့ခင်တုန်းက အသက် ၂၄နှစ် အရွယ်ကစားသမားဟာ လီဗာပူးလ်သို့ပြောင်းဖို့ ကမ်းလှမ်းခဲ့ပါတယ်လို့ ကစားသမားရဲ့ ဦးလေးလည်းဖြစ် အေဂျင့်လည်းဖြစ်သူ ဂျူလီယိုကပြောပါတယ်။

ရီးရဲလ်တွင် လော်ရန်တေးဟာ ပိုနေတဲ့ ကစားသမားအဖြစ်မှတ်ယူခြင်းခံခဲ့ရပြီးနောက်မှာတော့ ချဲလ်ဆီးနှင့် စပါး အသင်းတို့မှာ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ရာသီက သူဟာ အသင်းအတွက် ၁၂ ပွဲသာ ကစားခဲ့ရပြီး ရာသီအသစ်အတွက် မတိုင်ခင်မှာလည်း နည်းပြ ဇီဒန်းဟာ ကစားသမားအသင်းတွင် ရှိနေဖို့အတွက် ပြင်ဆင်မှုများကိုမလုပ်ဆောင်ခဲ့ပါဘူး။

''ကျွန်တော်ဟာ ဇီဒန်း၊ လော်ရန်တေးတို့နှင့် စကားပြောဆိုခဲ့ပြီး ကလပ်တော်တော်များများကို ဆက်သွယ်ခဲ့ပါတယ်'' လို့ ဂျူလီယို လော်ရန်တေးက Cadena SER သို့ပြောပါတယ်။

''အဲ့ဒီကလပ်တွေထဲကတစ်ခုက လီဗာပူးလ်ဖြစ်ပါတယ်။ သို့ပေမယ့် လော်ရန်တေးက သူတို့ရဲ့ ဦးစားပေး မဟုတ်ခဲ့ပါဘူး။ အေတီကိုကတော့ အသင်းကိုတောင့်တင်းဖို့အတွက်လုပ်ဆောင်နေပြီး ကျွန်တော်တို့ကိုလက်ခံယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မှန်ကန်ခဲ့တယ်လို့ ထင်ပါတယ်။ လော်ရန်တေးကလည်း အကောင်းဆုံးလုပ်ဆောင်ပါလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်''

#လီဗာပူး #လာလီဂါ #လော်ရန်တေး