ရှေ့သို့
Image

အေဂျက်နောက်ခံလူ ဒီလစ်ဂ်ျကို ခေါ်ယူဖို့ နီးစပ်လာတဲ့ ဂျူဗင်တပ်စ်

9:19 AM, 27 June

ဂျူဗင်တပ်စ် အသင်းဟာ အေဂျက်နောက်ခံလူ ဒီလစ်ဂ်ျနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့ဖို့အတွက် ပိုမို နီးစပ်လာခဲ့ပါတယ်။

အဆိုပါ ဒတ်ခ်ျစတားကိုတော့ ဘာစီလိုနာ ၊ မန်ယူ ၊ ပီအက်စ်ဂျီ အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းက အလျင်အမြန် ကြိုးစားခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကာ တစ်နှစ်လုပ်ခ ပေါင် ၁၀.၇၅သန်း နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရတော့ ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားလေးကို ၅ နှစ် စာချုပ် ချုပ်ဆိုဖြစ်ကာ စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၁၃၅ သန်းလည်း ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ နောက်ခံ ကစားသမားလေးဟာ ဥရောပရဲ့အထွန်းတောက်ဆုံး နောက်ခံ ကစားသမားလေးအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး အေဂျက်အသင်းကိုလည်း ချန်ပီယံလိဂ်မှာ အကောင်းဆုံး အဆင့်တစ်ခု ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

မူလသတင်းတွေ အရတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကာ အသင်းဖော်ဟောင်း ဒီဂျောင်ကြောင့်လည်း နူးကမ့်ကို ရောက်ရှိလာဖို့ နီးစပ်ခဲ့သေးတာ ဖြစ်ပါတယ်။

မန်ယူအသင်းကလည်း လာမယ့်ရာသီ အသင်းနောက်တန်းကို ပြင်ဆင်ဖို့အတွက် အသက် ၁၉ နှစ်အရွယ် ကစားသမားလေးကို ချိတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အီတလီ ဘီလူးတို့က ကစားသမားလေးကို အခြားသော ဥရောပ ကလပ်အသင်းကြီးတွေထက် ပိုမို လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခြား သတင်းတွေ အရလည်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့ နေးရှင်းလိဂ် ဖိုင်နယ်မှာ ကစားသမားလေးကို ဂျူဗင်တပ်စ် အသင်းထံ လာရောက် ပူးပေါင်းဖို့ ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ၁-၀ ဂိုးနဲ့ နယ်သာလန်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ