ရှေ့သို့
Image

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို မာရာဒိုနာရဲ့ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်စေမယ့် နာပိုလီ

2:01 PM, 26 June

နာပိုလီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဂန္တ၀င် မာရာဒိုနာရဲ့ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်စေဖို့ ပြင်ဆင်နေပါတယ်။

မာရာဒိုနာဟာ နာပိုလီအသင်းကို ၁၉၈၆-၈၇ ရာသီနဲ့  ၁၉၈၉-၉၀ ရာသီတို့မှာ စီးရီးအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ဂန္တ၀င် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

မာရာဒိုနာ အသင်းက ထွက်ခွာခဲ့တဲ့ အချိန်ကစပြီး နာပိုလီအသင်းဟာ မာရာဒိုနာရဲ့ ကျောနံပါတ် ၁၀ ကို အနားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ASသတင်းဌာနရဲ့အဆိုအရ နာပိုလီအသင်းဟာ ကျောနံပါတ် ၁၀ ကို ဂျိမ်းစ် ရိုဒရီဂွက်ထံ ပြန်လည် ၀တ်ဆင်စေမယ်လို့ သိရပါတယ်။

ပရိသတ်တွေကတော့ အဆိုပါ ဆုံးဖြတ်ချက်နဲ့ "ပတ်သက်ပြီး မကျေမနပ် ဖြစ်လာနိုင်ပါတယ်။ မာရာဒိုနာဟာ နာပိုလီအသင်းရဲ့ စံပြတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ဆန်ပါအိုလိုကွင်းရဲ့ အထိမ်းအမှတ်တွေမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။  ဒါပေမယ့် နာပိုလီအသင်းကတော့ ဂျိမ်းစ်ကို ခေါ်ယူနိုင်ဖို့အတွက် အဆိုပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်"

နာပိုလီအသင်းဟာ ဂျိမ်းစ်ကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ရီးရဲလ်အသင်းကတော့ အပြီးသတ် ရောင်းချဖို့သာ ပြင်ဆင်ထားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဂျိမ်းစ်အတွက် ယူရို ၄၄ သန်း အလိုရှိနေပြီး နာပိုလီ ဥက္ကဌ ဒီလော်ရန်တစ်ကတော့ ဂျိမ်းစ်အတွက် ကြီးမားတဲ့ ကြိုဆိုမှုမျိုး ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ လက်ရှိမှာတော့ ကိုလံဘီယာအသင်းနဲ့ အတူ ကိုပါအမေရိကဖလားကို ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိနေပါတယ်။

#စီးရီးအေ #မာရာဒိုနာ