ရှေ့သို့
Image

မှောင်ခိုဈေးကွက်မှာ အရောင်းသွက်နေတဲ့ ပြင်သစ်နဲ့ အမေရိကန် အမျိုးသမီး အသင်းတို့ရဲ့လက်မှတ်များ

2:09 PM, 26 June

ပြင်သစ်အသင်းနဲ့ အမေရိကန် အမျိုးသမီးအသင်းတို့ရဲ့ပွဲကိုတော့ သောကြာနေ့မှာ ကစားမှာဖြစ်ပြီး ပွဲမတိုင်ခင်မှာတော့ မှောင်ခိုဈေးကွက်မှာ ပွဲကြည့်လက်မှတ်တွေဟာ အရောင်းသွက်နေတာ ဖြစ်ပါတယ်။

StubHub ၀က်ဘ်ဆိုဒ်မှာတော့ ဈေးအပေါဆုံး လက်မှတ်ဟာ ပေါင် ၅၀၀ အထိရှိနေပြီး ဈေးအကြီးဆုံး လက်မှတ်ကတော့ အနည်းဆုံးပေါင် ၁၁၀၀၀ အထိ ရှိနေပါတယ်။

ကြာသပတေးနေ့မှာတော့ အင်္ဂလန်နဲ့နော်ဝေအသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ကာ အနိုင်ရရှိတဲ့ အသင်းကတော့ ပြင်သစ် ၊ အမေရိကန် တစ်သင်းသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမှာဖြစ်ပြီး လက်မှတ်ခက ဈေးအနည်းဆုံးအဖြစ် ၂၂ ပေါင်သာ ရှိနေပါတယ်။

ဈေးအကြီးဆုံး လက်မှတ်ကတော့ ၁၃၃ ပေါင်အထိ ရှိနေပြီး  ပွဲ ၂ ပွဲကြားမှာလည်း လက်မှတ်ခတွေက အတော်လေးကို ကွာဟနေတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ တောင်ကိုရီးယား ၊ နော်ဝေး ၊ နိုင်ဂျီးရီးယား အသင်းတို့ကို အုပ်စုအဆင့်ကနေ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပြီး အမေရိကန် အသင်းကတော့ ထိုင်း ၊ ချီလီ ၊ ဆွီဒင်အသင်းတို့ကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ၁၆ သင်း အဆင့်မှာ ဘရာဇီးလ်အသင်းကို ၂-၁ ဂိုးနဲ့ ကျော်ဖြတ်လာခဲ့ပြီး အမေရိကန် အသင်းကတော့ စပိန်အသင်းကို ၂-၁ ဂိုးနဲ့ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းနဲ့ အမေရိကန် အမျိုးသမီးအသင်း ဘယ်အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမလဲ ဆိုတာ အတော်လေးကို စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။

#အမျိုးသမီးကမ္ဘာ့ဖလား