ရှေ့သို့
Image

ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေးကို ပေါင် ၁၉ သန်းနဲ့ ထပ်မံ ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်

10:12 AM, 26 June

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းရဲ့ဘယ်နောက်ခံလူ တီယာနေးကို ပေါင် ၁၉ သန်းနဲ့ တိုးမြှင့် ကမ်းလှမ်းခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားလေးဟာ နည်းပြ အမ်မရီရဲ့ ဦးစားပေး ကစားသမားဖြစ်ပြီး ဘယ်နောက်ခံ ကစားသမားလေးကလည်း လန်ဒန်ကလပ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဂန်းနားတို့ဟာ ပထမ တစ်ခေါက်တုန်းကလည်း ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ချက်ချင်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

စကော့တလန်သားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဲဗာတန် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပျက်ပြယ်ခဲ့ပြီး နာပိုလီ အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၂ နှစ်အရွယ် တီယာနေးဟာ အူကျဝေဒနာ ခံစားခဲ့ရပြီး မေလကမှ ခွဲစိတ်မှု ခံယူခဲ့ကာ အခုလက်ရှိ အချိန်မှာတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အမ်မရီကတော့ လာမယ့်ရာသီအသင်း နောက်တန်းကို ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်ဖို့ ပြင်ဆင်နေပြီး စပေါ့တ်မေးလ် သတင်းဌာနကတော့ ဂန်းနားတို့ဟာ ကစားသမားအတွက် ပေါင် ၄၅ သန်းအထိ အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ အာဆင်နယ် အသင်းရဲ့ဘယ်နောက်ခံလူ နေရာမှာ နာချို မိုရီရယ် ၊ ကိုလာစီနက်စ်တို့ ရှိနေပေမယ့်လည်း နည်းပြ အမ်မရီကတော့ အကျပိုင်း ရောက်လာတဲ့ နာချို မိုရီရယ် နေရာမှာ အစားထိုးဖို့အတွက် စကော့တလန်သား တီယာနေးကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

#တီယာနေး