ရှေ့သို့
Image

ဂျူဗင်တပ်စ်ရောက်တော့မယ့် ဒီလစ်ဂ်ျအတွက် ပီအက်စ်ဂျီလက်မလျှော့သေး

2:12 PM, 25 June

ယခုနွေရာသီအတွင်း အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်ကို ရောက်ရှိဖို့ အတော်လေးနီးစပ်နေပေမယ့် ပီအက်စ်ဂျီအသင်းကတော့ သူ့ကို ခေါ်ယူရေးကြိုးစားမှုတွေကို လက်လျှော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ပြင်သစ်မီဒီယာတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ကြိုးစားခြင်းမရှိဘဲ ဒီလစ်ဂ်ျကို ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုမှာမဟုတ်သလို ဒီလစ်ဂ်ျရဲ့စိတ်ပြောင်းလဲသွားအောင်လည်း နောက်ဆုံး အချိန်အထိ ကြိုးစားဖွယ်ရှိနေကြောင်း သိရပါတယ်။

အစောပိုင်းမှာ ပီအက်စ်ဂျီအသင်းက ဒီလစ်ဂ်ျကို လုပ်ခလစာ မြင့်မားစွာ ပေးချေကာ ကမ်းလှမ်းခဲ့ပြီးနောက် ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ပီအက်စ်ဂျီဟာ ဂျူဗင်တပ်စ်ရဲ့ကျော်ဖြတ်ခြင်းခံခဲ့ရပြီး နယ်သာလန်နဲ့ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ဂ်ျကို ခေါ်ယူရေးကြိုးစားမှုမှာ
ဂျူဗင်တပ်စ်အသင်း အနိုင်ရသွားပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြခဲ့ကြါပတယ်။

ဒီလစ်ဂ်ျဟာ လက်ရှိအချိန်မှာ အားလပ်ရက်ထွက်နေပြီး အဲဒီကအပြန်မှာ သူ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်မှာဖြစ်လို့ ပီအက်စ်ဂျီအသင်းက ဒီလစ်ဂ်ျရဲ့စိတ်ပြောင်းလဲသွားအောင် ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဒီလစ်ဂ်ျရဲ့အတူနေချစ်သူနဲ့ မိခင်ဖြစ်သူတို့ဟာ ပဲရစ်မှာ အခြေချရေးအတွက် နေအိမ်ဝယ်ဖို့ လိုက်ရှာနေကြောင်း သိရပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ