ရှေ့သို့
Image

တီယာနေးကို ဆဲလ်တစ်ကနေ ထွက်ခွာဖို့ မတိုက်တွန်းခဲ့ကြောင်း ရော်ဘတ်ဆန်ဆို

10:35 AM, 25 June

လီဗာပူး နောက်ခံလူ အန်ဒရူး ရော်ဘတ်ဆန်ကတော့ ၎င်းဟာ နိုင်ငံအသင်းဖော် တီယာနေးကို ဆဲလ်တစ်ကနေ ထွက်ခွာဖို့အတွက် မတိုက်တွန်းခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဘယ်နောက်ခံလူ တီယာနေးကို ခေါ်ယူဖို့အတွက် အာဆင်နယ် အသင်းက ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆဲလ်တစ်အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ မက်စ်ဂယ်ရီကတော့ နောက်ခံလူ ရော်ဘတ်ဆန်ဟာ အသင်းဖော် တီယာနေးကို အသင်းပြောင်းဖို့အတွက် ဆွဲဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“တီယာနေးနဲ့ ရော်ဘတ်ဆန်တို့ စကား ပြောဆိုမှုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့အတွက်လား ဆိုတာတော့ မသိပါဘူး”လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း စကော့တလန်သား ရော်ဘတ်ဆန်ကတော့ တနလာင်္နေ့က လူမှုမီဒီယာမှာ မက်စ် ဂယ်ရီရဲ့ခန့်မှန်းမှုနဲ့ ပတ်သတ်ပြီး “မဟုတ်တမ်း တရားတွေ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဆဲလ်တစ်အသင်းနဲ့ နောက်ခံလူ တီယာနေးတို့ကြား စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ ခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

နည်းပြ အမ်မရီကတော့ လာမယ့် ရာသီအသင်းကို အကောင်းဆုံး ပြင်ဆင်ဖို့ စီစဉ်နေပြီး နောက်တန်းနေရာကို အဓိကထား ပြင်ဆင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

#လီဗာပူး #ရောဘတ်ဆန် #တီယာနေး