ရှေ့သို့
Image

စပိန်အသင်းကို အနိုင်ယူပြီး အမေရိကန်တို့ ကွာတားဖိုင်နယ်တက်

8:35 AM, 25 June

ယမန်နေ့ညက အမျိုးသမီး ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရာမှာ လက်ရှိချန်ပီယံ အမေရိကန်အသင်းက စပိန်အသင်းကို ၂-၁ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စုပွဲစဉ် စတင်ကတည်းက ပြိုင်ဘက်ရဲ့ ဦးဆောင်ချင်းကို မခံခဲ့ရတဲ့ အမေရိကန်အသင်းဟာ ယနေ့ပွဲစဉ်မှာလည်း အဆိုပါ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ပွဲအစ ၇မိနစ်မှာပဲ အမေရိကန်အသင်း ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး မီဂန် ရာပီနိုးက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ၂မိနစ်အကြာမှာပဲ အမေရိကန် နောက်ခံလူတွေရဲ့ အမှားကနေ ဟာမိုဆိုက စပိန်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

၇၆ မိနစ်မှာ အမေရိကန်တို့ ပင်နယ်တီ ထပ်မံရရှိခဲ့ပြီး မီဂန်ကပဲ အပိုင်ကန်သွင်းယူပြီး ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။

အဆိုပါ ဦးဆောင်ဂိုးကို ပွဲပြီးတဲ့အထိ ထိန်းချုပ်နိုင်ခဲ့တာကြောင့် အမေရိကန်တို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

"ကွာတားဖိုင်နယ်မှာတော့ အမေရိကန်အသင်းဟာ အိမ်ရှင် ပြင်သစ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ အခြားပွဲစဉ်မှာတော့ ဆွီဒင်အသင်းက ကနေဒါအသင်းကို ၁-၀ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ၅၅မိနစ်မှာ ဘလက်ခ် စတီးနီးယပ်စ်က ဆွီဒင်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၆၉မိနစ်မှာ ကနေဒါအသင်းအတွက် ချေပဂိုး ရရှိစေမယ့် ပင်နယ်တီ ရရှိခဲ့ပေမယ့် ဆွီဒင် ဂိုးသမား လင်ဒါလ်က အကောင်းဆုံး ကာကွယ်သွားခဲ့ပါတယ်"

ဆွီဒင်အသင်းဟာ ကွာတားဖိုင်နယ်မှာတော့ နိုင်ဂျီးရီးယားအသင်းကို ၃-၀ဖြင့် အနိုင်ယူခဲ့တဲ့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#ဖီဖာ #ဆွီဒင်