ရှေ့သို့
Image

ယနေ့အတွက် မန်စီးတီးသတင်းတိုများ

4:40 PM, 24 June

မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဆွတ်ခူးနိုင်ချေရှိကြောင်း စပါးနည်းပြဟောင်း ရက်နပ်တ်က ပြေကြားခဲ့ပါတယ်။

“စီးတီးအသင်းက နည်းပြ ဂွာဒီယိုလာလက်အောက်မှာ တကယ်ကောင်းလာပါတယ်။ ကျွန်တော့်အထင် သူတို့လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဖလားရရှိမယ်လို့ထင်ပါတယ်”လို့ ရက်နပ်တ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဘော်ဒိုးအသင်းကွင်းလယ်ကစားသမား ဘီလာနိုဗာကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
 
အဆိုပါကွင်းလယ်ကစားသမားကိုတော့ စပါး၊ ဂျူဗင်တပ်စ်၊ ဆမ်ဒိုးရီးယား၊ ဘိုလော့ဂ်နာအသင်းတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကတော့ မန်စီးတီးအသင်းထံပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ အီဘာအသင်း ဂိုးသမား ရီစဂိုကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာမယ်လို့သတင်းတွေကဆိုပါတယ်။

အဆိုပါအသက် ၃၅ နှစ်အရွယ် ဂိုးသမားဟာ အီဒါဆင်၊ ဘရာဗိုတို့နောက် တတိယဦးစားပေးဂိုးသမားအဖြစ် ကစားသွားမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မိုချန်ဂလာဘတ်အသင်းရဲ့နောက်ခံလူ နီကို အယ်လ်ဗီဒီကိုခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

ဂျာမန်သတင်းစာ ဘေလ်ကတော့ မိုချန်ဂလာဘတ်အသင်းဟာ ၎င်းတို့ရဲ့နောက်ခံလူအတွက် ယူရို ၃၅ သန်း တန်ကြေး သတ်မှတ်ထားတယ်လို့ဖော်ပြခဲ့ပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းရဲ့နောက်ခံလူ ဒန်နီရယ် အဲဗက်စ်ကတော့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ ဘာစီလိုနာအသင်းနောက်ခံလူဟောင်းဟာ နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာနဲ့ပြန်လည် လက်တွဲဖို့ အလိုရှိနေပြီး မကြာခင်မှာ စီးတီးအသင်းနဲ့ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စီးတီးအသင်းရဲ့ဒါရိုက်တာ ဘီဂရစ်စတိန်းကတော့ လာမယ့်ရာသီသစ်မှာ အသင်းကိုထိပ်တန်းအဆင့် ကစားသမား ၂ဦးစီ ထားရှိသွားမယ်လို့ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဖလားရရှိဖို့ပစ်မှတ်ထားနေကြပါတယ်။

ဒေါ့မွန်အသင်းဟာ မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကိုပြန်လည်ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

ထို့အပြင် စီးတီးအသင်းနဲ့ ကစားသမားတို့ကြားအခြေအနေကိုလည်းစောင့်ကြည့်နေပြီး မကြာခင်မှာ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘာလေကိုခေါ်ယူဖို့အတွက် ဈေးနှုန်းတစ်ရပ် စုံစမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

နာပိုလီလီအသင်းဥက္ကဌ အော်ရီလိုကတော့ အသက် ၂၈နှစ် အရွယ်ကစားသမားကို ပေါင် ၁၀၇ သန်းနီးပါးလောက် ရရှိပါက လက်လွှတ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

#မနျစီးတီး #ဒန်နီ အဲဗက်စ် #ကူလီဘာလေ