ရှေ့သို့
Image

ပေါ့ဂ်ဘာထွက်ခွာသွားပါက ဆန်ချိုကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့ မန်ယူ

4:32 PM, 24 June

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသာ အသင်းကနေ ထွက်ခွာခဲ့ပါက ဒေါ့မွန်စတား ဂျော်ဒန် ဆန်ချိုကိုပေါင် ၁၀၀ သန်းနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်နေပါတယ်။

အသက် ၁၉နှစ်အရွယ် ကစားသမားဟာ နည်းပြ ဆိုးလ်ရှားရဲ့ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ မယ်ရာသတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အခြားတစ်ဖက်မှာက ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိတာက တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရေးမှာ ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ တကယ်လို့သာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ အသင်းကနေ ထွက်ခွာခဲ့ပါက ဆန်ချိုကိုအရခေါ်ယူသွားဖွယ်ရှိနေပါတယ်။

 ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့အတွက် ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့အပြင် မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူ ၀မ်ဘစ်ဆာကို ခေါ်ယူဖို့အတွက် နီးစပ်နေပါတယ်။

ဖို့ဒ် မဂ္ဂဇင်းကတော့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုသာလက်လွှတ်ခဲ့ရပါက ဆန်ချိုကိုပြန်လည် ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအပြင် တိုက်စစ်မှူး လူကာကူကိုလည်း ရောင်းချဖို့ပြင်ဆင်နေပြီး အနည်းဆုံးပေါင် ၁၀၀ သန်းကျော်လောက် ပြန်လည်ရရှိဖို့အလိုရှိနေပါတယ်။

တိုက်စစ်မှူး လူကာကူကိုတော့ အင်တာမီလန်အသင်းကခေါ်ယူဖို့ပစ်မှတ်ထားနေပြီး တန်ကြေးကတော့
ပေါင် ၇၅သန်း သတ်မှတ်ထားကာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့စီစဉ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန္ခ်ဳိ