ရှေ့သို့
Image

ယနေ့အတွက် ယူနိုက်တက်သတင်းတိုများစုစည်းမှု

4:26 PM, 24 June

ပေါ- ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့တောင်ပံကစားသမား နီကိုလက်စ်ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ရာသီသစ်မတိုင်ခင် အသင်းကို အကြီးအကျယ်အင်အားဖြည့်တင်းလိုနေတဲ့ယူနိုက်တက်က ခေါ်ယူဖို့ ပိုမိုစိတ်ဝင်စားနေပြီး လိုင်လီအသင်းကလည်း အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီအတွက် သင့်တော်မှန်ကန်တဲ့ပြောင်းရွှေ့ကြေးရရှိရင် လက်လွှတ်ခံမယ့်အနေအထားမှာရှိနေပါတယ်။

- ယူနိုက်တက်ဟာ တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ကို ထုတ်ရောင်းဖို့ ပြင်ဆင်နေပေမယ့် တရုတ်နဲ့တောင်အမေရိကကလပ်တွေက ကမ်းလှမ်းမှု ၂ခုသာရရှိထားကြောင်း သိရပါတယ်။ ဒီအတွက်ကြောင့်လည်း အမှုဆောင်အရာရှိချုပ် ၀ုဒ်ဝက်ဒ်က ဆန်းချက်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေပိုများလာအောင် များပြားလှတဲ့ဆန်းချက်ဇ်ရဲ့လစာကို တစ်ပိုင်တစ်နိုင်စိုက်ထုတ်ပေးဖို့လည်း ပြင်ဆင်နေပါတယ်။

- ယူနိုက်တက်ဟာ ပဲလေစ်ညာနောက်ခံလူ ၀မ်ဘစ်ဆာကာကို ခေါ်ယူပြီးရင် ဗဟိုကွင်းလယ်ပိုင်းနဲ့ ညာတောင်ပံတိုက်စစ်ပိုင်းတို့အတွက် အင်အားဖြည့်တင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ဟာရဲရားရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူတစ်ဦးလိုအပ်နေသလို ညာတောင်ပံတိုက်စစ်အတွက်လည်း ပီပီကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

- ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရေးကိစ္စနဲ့ပတ်သက်လို့ ၀ုဒ်ဝါ့ဒ်နဲ့ သဘောထားချင်းတိုက်ဆိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီမီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် စပါးထက် အခွင့်အရေးပိုများနေပေမယ့် ဆိုးလ်ရှားကတော့ သူ့ရဲ့ပစ်မှတ်တစ်ဦး လွဲချော်သွားမှာကို စိုးရိမ်နေတဲ့အတွက် လျင်လျင်မြန်မြန်လုပ်ဆောင်ဖို့ ၀ုဒ်ဝါ့ဒ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

- စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရေး သူ့ရဲ့အိပ်မက် ပျက်ပြယ်ခဲ့ရပြီးနောက် ယူနိုက်တက် ဒါမှမဟုတ် ဂျူဗင်တပ်စ် တစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယခုနွေရာသီအတွင်း စပါးအသင်းကနေ ထွက်ခွာလိုတယ်လို့ ဖွင့်ဟထားတဲ့အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်ကို ဦးစားပေးပြောင်းရွှေ့လိုပေမယ့် အဲဒီဘာနေဗျူးအခြေစိုက်အသင်းကတော့ အဲရစ်ဆင်ထက် ယူနိုကတက်ကွင်းလယ်လူ ပေါ့ဂ်ဘာကိုပဲခေါ်ယူဖို့ ပိုမိုအလိုရှိနေတာပါ။

- ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနီကို ခေါ်ယူလိုရင် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၃၀အထိ ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ယခုနွေရာသီအတွင်း ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး ပြင်သစ်လက်ရွေးစင် ဗာရာနီကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရလို့ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ဗာရာနီကို လက်လွှတ်ခံဖို့မရှိဘဲ ဖြစ်နိုင်ခြေမရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးပေးချေမှ လက်သင့်ခံလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

- ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ နာပိုလီအသင်းနောက်ခံလူ ကူလီဘာလီက နေပယ်အခြေစိုက်အသင်းမှာ ဆက်ကစားဖို့ မသေချာကြောင်း ၀န်ခံလိုက်ရာ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေလည်း ပြန်လည်ထွက်ပေါ်လာပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင် ကူလီဘာလီကို ခေါ်ယူဖို့ ယူနိုက်တက်ရော စီးတီးပါ စိတ်ဝင်စားနေပြီး ကာကယံရှင်ဖြစ်သူက အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ငြင်းဆန်သွားပေမယ့် ရာသီသစ်ကျရင် နာပိုလီမှာဆက်ကစားဖို့လည်း အာမခံချက်မပေးခဲ့ကြောင်း သိရပါတယ်။

- ယူနိုက်တက်ဟာ ဘက်တစ်ဘယ်နောက်ခံလူ ဂျူနီယာဖီယာပိုကို ခေါ်ယူဖို့ လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘက်တစ်အသင်းက မှန်ကန်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် အသင်းပြောင်းရွှေ့လိုနေတဲ့ကစားသမားဖြစ်သူရဲ့ဆန္ဒကို တားဆီးမှာမဟုတ်ပေမယ့် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၅၀အထိရှိနေပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ကူလီဘာလေ #ပီပီ #ဖာနန်ဒက်စ်