ရှေ့သို့
Image

ယနေ့အတွက် အာဆင်နယ်သတင်းတိုများ

4:17 PM, 24 June

အာဆင်နယ်အသင်းက ချိတ်ဆက်နေတဲ့ အက်သလက်တီကို တောင်ပံ ကစားသမား သောမတ်စ် လီမာက လာမယ့်ရာသီ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ရာသီ အက်သလက်တီကို အသင်းမှာ တိုးတက်မှုတွေ ရရှိဖို့ ယုံကြည်နေတယ်လို့ လီမာက bein sportကို ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆဲလ်တစ် နောက်ခံလူ တီယာနေးကို တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ ပေးချေသွားမယ်လို့ the sunက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပထထမအကြိမ် ကမ်းလှမ်းချက်ကို ဆဲလ်တစ်အသင်းက ပယ်ချခဲ့ပေမယ့် မကြာခင်မှာ ၂သင်းကြား သဘောတူညီမှု ရလာမယ်လို့ bbcက ဖော်ပြထားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တစ်ခု ဖြစ်တဲ့ ဂျန့်တောင်ပံ ကစားသမား ထရော့ဆက်ဒ်ကို ဘရိုက်တန်အသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်အသင်းဟာ ထရော့ဒဆက်ဒ်အတွက် ပေါင် ၁၈ သန်းနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းက ချိတ်ဆက်နေတဲ့ မိန့်ဇ် နောက်ခံလူ ဂျီဘာမင်ရဲ့ အေးဂျင့်ဟာ လန်ဒန်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဂျီဘာမင်ကို အာဆင်နယ်၊ စပါးနဲ့ လီဗာပူးအသင်းတို့က ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ လိုင်လီ တောင်ပံကစားသမား ပီပီကို အင်တာမီလန်အသင်းက ယူရို ၇၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပီပီကို ခေါ်ယူလိုနေပေမယ့် အပြောင်းအရွေ့စရိတ်  နည်းပါးမှုက အတားအဆီးတစ်ခု ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ အန်ကွန်ကူကို ပေါင် ၁၃.၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် အန်ကွန်ကူအတွက်တော့ လိုက်ပ်ဇစ်အသင်းနဲ့ အပြိုင် ကြိုးစားသွားရဖွယ် ရှိနေပါတယ်။

#ပီပီ #တီယာနေး