ရှေ့သို့
Image

ဘယ်နောက်ခံလူ တီယာနေးအတွက် ဆဲလ်တစ်အသင်းကို မဆွဲဆောင်နိုင်သေးတဲ့ အာဆင်နယ်

11:52 AM, 24 June

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းရဲ့ဘယ်နောက်ခံ ကစားသမားလေး တီယာနေးကို ခေါ်ယူဖို့အတွက် ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့် ဆဲလ်တစ်အသင်းကို မဆွဲဆောင်နိုင်သေးတာ ဖြစ်ပါတယ်။

ပထမတစ်ကြိမ် ဆဲလ်တစ်အသင်းကို ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချက်ချင်းကို ပယ်ချခံခဲ့ရပါတယ်။

ဆဲလ်တစ်အသင်းကတော့ သူတို့ နောက်ခံလူကို လိုချင်တယ်ဆိုရင် အနည်းဆုံးပေါင် ၂၅ သန်း ပေးချေရမယ်လို့ အာဆင်နယ်အသင်းထံ အကြောင်း ပြန်ခဲ့ပါတယ်။

ဆဲလ်တစ်အသင်းဟာ ဒမ်ဘီလီကို ရောင်းချစဉ်က လိုင်ယွန်အသင်းထံကနေ ပေါင် ၁၉ သန်း ရရှိခဲ့သလို နောက်ခံလူ ဗန်ဒိုက် ၊ ၀မ်ယာမာ စတဲ့ ကစားသမားတွေ အတွက်လည်း ပြောင်းရွှေ့ကြေး အနည်းငယ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အမ်မရီဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေဖို့အတွက် အသင်းကို ပြန်လည် ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အချိန်အထိတော့ အာဆင်နယ်အသင်းဟာ နောက်ခံလူ တီယာနေးအတွက် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆဲလ်တစ်အသင်းကို မဆွဲဆောင်နိုင်သေးတာ ဖြစ်ပါတယ်။

နည်းပြ နေးလ် လန်နွန်ကတော့ ဘယ်နောက်ခံ ကစားသမားလေး တီယာနေးကို အသင်းမှာ ဆက်ထိန်းလိုနေပြီး အာဆင်နယ် အသင်းကတော့ ခေါ်ယူဖို့အတွက် လက်မလျော့သေးတဲ့ အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။

#တီယာနေး