ရှေ့သို့
Image

ပီရူးကိုဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ဘရာဇီး

7:22 AM, 23 June

ဘရာဇီးအသင်းဟာ ယမန်နေ့ညက ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပီရူးအသင်းကို ၅ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ အုပ်စုပွဲစဉ်တစ်လျောက် ပေးဂိုးမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ပထမပိုင်းမှာတည်းက ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

၁၂မိနစ်မှာပဲ ကတ်စ်မဲရိုးက ဘရာဇီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၇မိနစ်အကြာမှာပဲ ဖာမီနိုက ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၃၂မိနစ်မှာ အဲဗာတန်က တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့လို့ ပထနပိုင်းအပြီးမှာပဲ ဘရာဇီးတို့ ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၃မိနစ်မှာ ဒန်နီအဲဗက်စ်က ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။ မိနစ် ၉၀မှာတော့ ၀ီလီယံက ၅ဦးမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂါဘရီရယ် ဂျီးဆပ် ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့်လွဲချော်သွားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်၂ပွဲက မရရှိခဲ့တဲ့ ပုံစံကောင်းကို ယနေ့ပွဲစဉ်မှာ ပြသနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားအဲဗာတန်ဟာလည်း နေမာရဲ့နေရာကို အကောင်းဆုံး ၀င်ယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ကြာသပတေးနေ့မှာတော့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။။ ပီရူးအသင်းကတော့ အကောင်းဆုံး တတိယနေရာနဲ့ တက်ရောက်နိုင်ဖို့ အခြား အုပ်စုက ပွဲစဉ်တွေကို စောင့်ဆိုငးသွားရမှာဖြစ်ပါတယ်။




#Brazil #ပီရူး