ရှေ့သို့
Image

ပီရူးနဲ့ပတ်သက်လို့ ဒရုန်းလွှတ် စပိုင်လုပ်ခဲ့ခြင်းမရှိကြောင်း ဘရာဇီးနည်းပြ ရှင်းလင်း

4:10 PM, 22 June

ဘရာဇီးအသင်းအနေနဲ့ ယနေ့ညကစားရမယ့် အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ပြိုင်ဘက်ပီရူးအသင်းအကြောင်း ဒရုန်းနဲ့ စပိုင်လုပ်ထောက်လှမ်းခဲ့ခြင်းမရှိကြောင်း နည်းပြတီတေးက ရှင်းလင်းပြောဆိုသွားပါတယ်။ ပီရူးသတင်းစာ လီဘရိုက ဘရာဇီးအသင်းဟာ ပီရူးအသင်းလေ့ကျင့်ခန်းဆင်းရာကို ဒရုန်းတစ်စင်းစေလွှတ်ကာ စပိုင်လုပ်ထောက်လှမ်းခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
သို့သော် တီတေးကမူ ''ဒီသတင်းတွေက လုံးဝမဟုတ်ပါဘူး။ တကယ်လို့ ဒီလိုလုပ်ပြီးမှအနိုင်ရမယ်ဆိုရင် ကျွန်တော်လည်း ကိုယ့်ဦးထုပ်ကိုယ်ဆောင်းပြီး အိမ်ပဲပြန်လိုက်ပါမယ်''လို့ ပြောကြားခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ဘရာဇီးရော ပီရူးပါ ၄မှတ်စီရရှိထားပြီး ဗင်နီဇွဲလားက ၂မှတ်နဲ့ ဘိုလီးဗီးယားက ၁မှတ်မှမရသေးပါဘူး။ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး နေမာကလည်း ပြီးခဲ့တဲ့သောကြာနေ့က အသင်းဖော်တွေရှိရာ လာရောက်လည်ပတ်ခဲ့ပါတယ်။

#ပီရူး #ကိုပါအမေရိက #တီတေး