ရှေ့သို့
Image

တိုက်စစ်မှူး အဒီဘာယောကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေ

11:37 AM, 22 June

ပရီးမီးယားလိလဂ် တိုက်စစ်မှူးဟောင်း အဒီဘာယောဟာ ကျင်လည်ခဲ့တဲ့ လိဂ်ဟောင်းကို ပြန်လည် အခြေချလာဖို့ ရှိနေပါတယ်။ အဒီဘာယောကို ၀က်စ်ဟမ်း၊ ရှက်ဖီးနဲ့ ၀က်ဖို့ဒ်အသင်းတွေက အလွတ် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေကြပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အသင်းက ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူး အန်ဒီ ကာရိုးရဲ့ နေရာကို အစားထိုးဖို့အတွက် ၃၅နှစ်အရွယ် အဒီဘာယောကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ အဒီဘာယောဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း အင်္ဂလန်မှာ ကစားရခြင်းမရှိသေးပဲ တူရကီကလပ် ဘာဆာကီဆာအသင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

အဒီဘာယောဟာ ယမန်နေ့က ဘာဆာကီဆာအသင်းကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ အဒီဘာယောဟာ ယမန်နှစ်ရာသီက ဘာဆာကီဆာအသင်းအတွက် ၁၉ပွဲကစားပြီး ၃ဂိုး သွင်းယူးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဒီဘာယောဟာ ဇန်န၀ါရီလနောက်ပိုင်း မိနစ်၉၀ ပွဲချိန်ပြည့် မကစားခဲ့ရပါဘူး။ အဒီဘာာယောဟာ ပြီးခဲ့တဲ့လက ဂါလာတာဆာရေး အရန်ဂိုးသမား အစ္စမေး စီပီနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါသေးတယ်


#ရှက်ဖီးလ်ယူနိုက်တက် #အဒီဘာယော